𝐉𝐮𝐧𝐞 𝟐 𝟐𝟎𝟐𝟔 ဇွန်လ ၂ ရက်နေ့မှာ ကမ္ဘာ့မိုးလေဝသအဖွဲ့အစည်းက 𝐒𝐮𝐩𝐞𝐫 𝐄𝐥 𝐍𝐢ñ𝐨 ဂေါ်ဇီလာအယ်နီညိုလို့ တင်စားခေါ်ဝေါ်ထားတဲ့ ပြင်းထန်အပူလွန်ကဲကာလကို 𝐍𝐨𝐯𝐞𝐦𝐛𝐞𝐫 နိုဝင်ဘာလ ၂၀၂၆ ကနေ 𝐅𝐞𝐛𝐫𝐮𝐚𝐫𝐲 ဖေဖော်ဝါရီလ ၂၀၂၇ ထိ ကြာနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။ ပစိဖိတ်သမုဒ္ဒရာရဲ့ ပင်လယ်ရေမျက်နှာပြင်အပူချိန်ဟာလည်း အပတ်စဉ်မြင့်တက်လာနိုင်ပြီး ယခင်ထပ် ၃.၇ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်နိုင်တယ်လို့လည်း ဆိုပါတယ်။ ဒါဟာ ၁၉၅၀က စပြီးသမိုင်းတလျှောက် အမြင့်ဆုံး အပူချိန်ပြောင်းလဲမှုကြီးတစ်ခုပါ။
ခုလိုပူပြင်းလာမယ့် အချိန်ရာသီမှာ အနေအထိုင်၊ အပြုအမူနဲ့ စားသောက်မှုပုံစံတွေ အားလုံးဟာ မျှတမှန်ကန်ဖို့ အရမ်းကိုအရေးကြီးပါတယ်။ ဒီလိုရာသီမှာ အစားအစာဟာ ကိုယ်ခန္ဓာကို ရေဓါတ်ပြည့်ဝစေဖို့နဲ့ အေးမြစေဖို့အတွက် အဓိကရည်ရွယ်တာကြောင့် စနစ်တကျရွေးချယ်စားသုံးရပါမယ်။
အရည်ရွှမ်းပြီး လတ်ဆတ်တဲ့ အသီးအနှံတွေ ( ဖရဲသီး၊ လိမ္မော်သီး၊ ပန်းသီး၊ သစ်တော်သီးစတာတွေ) ကိုရေဓါတ်ပြည့်ဝအောင် မကြာမကြာစားပေးပါ။ ဟင်းသီးဟင်းရွက်အနေနဲ့က သခွါးသီးဆိုရင်လည်း ရေဓါတ်ပါဝင်မှု မြင့်မားတဲ့ အပြင် အမျှင်ဓါတ်များစွာပါဝင်တာကြောင့် အစာချေဖျက်ရာမှာ အထောက်အကူပြုပြီး ကိုယ်ခန္ဓာကိုလည်း အေးမြစေပါတယ်။ ခရမ်းချဉ်သီး၊ ပြောင်းဖူးစတာတွေကိုလည်း ရေဓါတ်ရအောင်စားပေးသင့်ပါတယ်။
အချိန်ကြာကြာပေးပြီး ချက်ပြုတ်စားရတဲ့ အစားအစာတွေထက် ပေါ့ပေါ့ပါးပါးပြင်ဆင် စားသောက်ရလွယ်ကူတဲ့ အစားအစာမျိုးကို ရွေးချယ်ပါ။ အပူအစပ်ပြင်းထန်တဲ့ အစားအစာတွေဟာ ချွေးထွက်များစေပြီး ပူလွန်းတဲ့ အချိန်မှာ လူကို ပိုပြီး ပင်ပန်းနွမ်းနယ်စေနိုင်ပါတယ်။ အငန်လွန်ကဲတဲ့ အစားအစာတွေဟာလည်း ပိုပြီးရေငတ်စေတာကြောင့် ကျန်းမာရေးနဲ့ ညီညွတ်အောင် စနစ်တကျစားသောက်ပါ။ ကော်ဖီ၊ လက်ဖက်ရည်တွေဟာ ဆီးမကြာမကြာသွားစေပြီး ရေဓါတ်လျော့နည်းစေနိုင်တာကြောင့် တတ်နိုင်သမျှလျှော့သောက်စေချင်ပါတယ်။
တစ်နာရီကို ရေတစ်ဖန်ခွက်နှုန်း သို့မဟုတ် တနေ့ကို ၂- ၂.၅ လီတာလောက်သောက်ပေးပါ။ အရက်၊ဘီယာဟာ ဆီးများစေသလို၊ ဆီးထဲကနေ 𝐩𝐨𝐭𝐚𝐬𝐬𝐢𝐮𝐦 ဓါတ် ကို ဆုံးရှုံးစေတာကြောင့် လုံးဝရှောင်ကျဉ်ပါ။ ဆီးတွေ၊ ချွေးတွေထဲက ဆုံးရှုံးသွားတဲ့ ပိုတက်ဆီယမ် 𝐩𝐨𝐭𝐚𝐬𝐬𝐢𝐮𝐦 သက်စောင့်ဓါတ်ပြန်လည် ပြည့်ဝအောင် ဌက်ပျောသီး၊ အုန်းရည်နဲ့ ထောပတ်သီးစတဲ့ အသီးလေးတွေလည်း အလျဉ်းသင့်သလို စားပေးရပါမယ်။ ဒါမှလည်း ပင်ပန်းနွမ်းနယ်မှု မရှိပဲ ဒီအပူလွန်တဲ့ ရာသီကို ကျန်းကျန်းမာမာနဲ့ ဖြတ်ကျော်နိုင်ပါလိမ့်မယ်နော်။