၀မ်းဗိုက်ကလေး မကျန်းမာရင် ဘာတွေဖြစ်လာနိုင်သလဲ?

Signs of Unhealthy Gut


စိတ်ဖိစီးမှုမြင့်မားခြင်း၊ အိပ်ရေးပျက်ခြင်း၊ ပြုပြင်ထားသော၊ သကြားဓာတ်မြင့်မားသော အစားအစာများစားခြင်း၊ ပဋိဇီဝဆေးများသောက်သုံးခြင်းကဲ့သို့သော ခေတ်သစ်ဘဝရဲ့ ရှုထောင့်များစွာဟာ ကျွန်ုပ်တို့ရဲ့ gut microbiomeကို ပျက်စီးစေနိုင်ပါတယ်။ ဒီလိုထိခိုက်မှုကနေ ဦးနှောက်၊ နှလုံး၊ ကိုယ်ခံစွမ်းအားစနစ်၊ အသားအရေ၊ အလေးချိန်၊ ဟော်မုန်းပမာဏ၊ အာဟာရများကိုစုပ်ယူနိုင်စွမ်းနှင့် ကင်ဆာရောဂါဖြစ်ပွားမှု စတဲ့ ကျန်းမာရေးဆိုင်ရာ အခြားရှုထောင့်များကိုလည်း အကျိုးသက်ရောက်နိုင်ပါတယ်။

မိမိရဲ့အူလမ်းကြောင်း မကျန်းမာကြောင်းသိနိုင်တဲ့ အဖြစ်များသော လက္ခဏာ (၇) ခုကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်:

1. ဗိုက်မကောင်းခြင်း
အစာအိမ်ထဲ လေခံခြင်း၊ ဖောခြင်း (bloating)၊ ဝမ်းချုပ်ခြင်း၊ ၀မ်းလျှောခြင်းနှင့် ရင်ပူခြင်းကဲ့သို့သော အစာအိမ်ရောဂါများဟာ မကျန်းမာတဲ့အူရဲ့ ရောဂါလက္ခဏာများဖြစ်နိုင်ပါတယ်။ ကျန်းမာတဲ့အူမှာ အစားအစာကိုပြုပြင်ရန်နှင့် စွန့်ပစ်ပစ္စည်းများကိုဖယ်ရှားရန် အခက်အခဲရှိလိမ့်မည်မဟုတ်ပါ။

2. သကြားပါဝင်မှုများသော အစားအစာများ
ပြုပြင်ထားသော အစားအစာများနှင့် သကြားပါဝင်မှုများသော အစားအစာများက အူအတွင်းရှိ ကောင်းမွန်သော ဘက်တီးရီးယားပမာဏကို လျော့နည်းစေပါတယ်။ ဒီမညီမျှမှုက သကြားကို ပိုမိုတောင့်တစေတာကြောင့် သင့်အူကို နောက်ထပ်ပိုပျက်စီးစေနိုင်ပါတယ်။ သန့်စင်ထားသော သကြားများ များပြားစွာပါဝင်မှု အထူးသဖြင့် fructose ပါဝင်မှုများတဲ့ corn syrup ဟာ ခန္ဓာကိုယ်အတွင်း ရောင်ရမ်းမှုနှင့် ဆက်စပ်လျက်ရှိကြောင်း တွေ့ရပါတယ်။ ရောင်ရမ်းခြင်းဟာ ‌ရောဂါများစွာနှင့် ကင်ဆာရောဂါများရဲ့ ရှေ့ပြေးနိမိတ်တစ်ခု ဖြစ်နေနိုင်ပါတယ်။

3. မရည်ရွယ်ဘဲ ကိုယ်အလေးချိန်ပြောင်းလဲမှုများ
စားသောက်နေထိုင်မှုပုံစံ သို့်မဟုတ်
လေ့ကျင့်ခန်းလုပ်ခြင်း အလေ့အကျင့်ပြောင်းလဲမှုများ မပြုလုပ်ဘဲ ကိုယ်အလေးချိန်တက်ခြင်းနှင့် ကိုယ်အလေးချိန်လျှော့ချခြင်းများက မကျန်းမာတဲ့အူရဲ့ လက္ခဏာတစ်ခု ဖြစ်နိုင်ပါတယ်။ မကျန်းမာတဲ့မူဟာ ခန္ဓာကိုယ်တွင်း အာဟာရများကိုစုပ်ယူနိုင်စွမ်းနှင့် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပြီး အဆီသိုလှောင်နိုင်စွမ်းများကို ထိခိုက်စေပါတယ်။ ကိုယ်အလေးချိန်ကျဆင်းခြင်းသည် အူသိမ်ရဲ့ ဘက်တီးရီးယားကြီးထွားမှု (SIBO) ကြောင့်ဖြစ်နိုင်ပြီး အလေးချိန်တိုးခြင်းကတော့ အင်ဆူလင်ကိုခုခံနိုင်ခြင်း (သို့) အာဟာရဓာတ်စုပ်ယူမှုနည်းခြင်းကြောင့် overeat လုပ်ရန် ဆန္ဒပြင်းထန်လာမှုများကြောင့် ဖြစ်နိုင်ပါတယ်။

4. နှစ်ခြိုက်စွာ အိပ်မပျော်နိုင်ခြင်း သို့မဟုတ် စဉ်ဆက်မပြတ် ပင်ပန်းနွမ်းနယ်ခြင်း
မကျန်းမာတဲ့အူဟာ insomnia (သို့) နှစ်ခြိုက်စွာ အိပ်မပျော်နိုင်ခြင်းကဲ့သို့သော အိပ်စက်ခြင်းဆိုင်ရာ ပြဿနာများကို ဖြစ်ပေါ်စေတာကြောင့် ကြာလာရင် စဉ်ဆက်မပြတ် ပင်ပန်းနွမ်းနယ်မှုကို ဖြစ်စေနိုင်ပါတယ်။ စိတ်အခြေအနေနှင့် အိပ်စက်မှုကို အကျိုးသက်ရောက်စေသော ခန္ဓာကိုယ်ရဲ့ serotonin ဟော်မုန်းအများစုကို အူအတွင်းမှာ ထုတ်လုပ်ပါတယ်။ ဒါကြောင့် အူပျက်စီးခြင်းက သင့်ရဲ့ နှစ်ခြိုက်စွာ အိပ်နိုင်စွမ်းကို ထိခိုက်စေပါတယ်။ အချို့သော အိပ်မပျော်မှုများကတော့ fibromyalgia (ရောင်ရမ်းမှုမရှိဘဲ ကြွက်သားအတွင်းရှိ အမျှင် တစ်ရှူးများ နာကျင်မှုခံစားရခြင်း) နှင့် ဆက်စပ်နေကြောင်းကို တွေ့ရှိထားပါတယ်။

Photo Source: https://www.okoa.org/articles/causes-of-sleeping-problems

5. အရေပြားပြဿနာများ
နှင်းခူကဲ့သို့ အရေပြားအခြေအနေများဟာ အူပျက်စီးမှုနှင့် ဆက်စပ်မှုရှိနိုင်ပါတယ်။ အစာအာဟာရချို့တဲ့ခြင်း သို့မဟုတ် အစားအစာဓာတ်မတည့်ခြင်းများကြောင့် ဖြစ်ပေါ်လာသော အူအတွင်းရောင်ရမ်းခြင်းကြောင့် အချို့သောပရိုတိန်းများအား ကိုယ်ခန္ဓာအတွင်းသို့ ထုတ်လွှတ်ခြင်းကို ဖြစ်ပေါ်စေပြီး အရေပြားကို ထိခိုက်စေနိုင်သည့်အပြင် နှင်းခူကဲ့သို့သော အခြေအနေများ ဖြစ်ပေါ်စေနိုင်ပါတယ်။

6. Autoimmune ရောဂါအခြေအနေများ (ခန္ဓာကိုယ်၏ ခုခံစွမ်းအား ချို့ယွင်းမှုကြောင့် ကိုယ်ပိုင်တစ်ရှူးနှင့် ဓာတ်မတည့်ခြင်းကြောင့် ဖြစ်သော ရောဂါများ)
ဆေးဘက်ဆိုင်ရာသုတေသီများသည် ကိုယ်ခံအားစနစ်အပေါ် အူရဲ့အကျိုးသက်ရောက်မှုနှင့် ပတ်သက်သော အထောက်အထားအသစ်များကို အစဉ်မပြတ်ရှာဖွေနေကြပါတယ်။ မကျန်းမာတဲ့အူဟာ ခန္ဓာကိုယ်တစ်ခုလုံးကို ရောင်ရမ်းစေပြီး ကိုယ်ခံစွမ်းအားစနစ်ရဲ့ သင့်လျော်သော လုပ်ငန်းဆောင်တာကို ပြောင်းလဲစေနိုင်တယ်လို့ ပြောကြပါတယ်။ ဒီလိုအခြေအနေတွေကနေ ကိုယ်ခန္ဓာက အန္တရာယ်ဖြစ်စေနိုင်သော ကျုးကျော်သူများကို တိုက်ခိုက်ရမည့်အစား ကိုယ့်ကိုယ်ကို ပြန်လည်တိုက်ခိုက်နေသည့် autoimmune ရောဂါများကို ဦးတည်သွားနိုင်ပါတယ်။

7. အစာမစားနိုင်ခြင်း (Food intolerances)
အစာမစားနိုင်ခြင်းဟာ အချို့သောအစားအစာများကို အစာ‌ခြေရန် ခက်ခဲမှုကြောင့် ရလာသော ရလဒ်ဖြစ်ပါတယ်။ (၎င်းသည် အချို့သောအစားအစာများကို ကိုယ်ခံအားစနစ်မှ တုံ့ပြန်မှုကြောင့်ဖြစ်သည့် အစားအစာဓာတ်မတည့်မှုနှင့် ကွဲပြားခြားနားပါတယ်။) ဒီလိုအစာမစားနိုင်ခြင်းကို‌တော့ အူထဲရှိ ဘက်တီးရီးယား အရည်အသွေး ညံ့ဖျင်းမှုကြောင့် ဖြစ်ရတယ်လို့ ယူဆထားကြပြီး အစာအိမ်ထဲ လေခံခြင်း၊ ၀မ်းလျှောခြင်း၊ ဗိုက်နာခြင်းနှင့် ပျို့ဝေခြင်းတို့ကဲ့သို့သော လက္ခဏာများကို ခံစားရစေပါတယ်။ အစားအစာဓာတ်မတည့်မှုဟာလည်း အူအတွင်းကျန်းမာရေးနှင့် ဆက်စပ်မှုရှိသည်ဟု သက်သေအထောက်အထားအချို့က ပြောဆိုထားပါတယ်။

​ဟုတ်ကဲ့ပါဗျ .. ဆောင်းပါး​​လေးကို အဆုံးထိဖတ်ရှု​ပေးတဲ့အတွက်လဲ​ကျေးဇူတင်ပါတယ်။ နှစ်သစ်မှာ စိတ်သစ်ကိုယ်သစ်နဲ့ ကိုယ်ဖြစ်ချင်တဲ့စိတ်ကူး​​တွေကို လက်​တွေ့အ​ကောင်အထည်​ဖော်နိုင်ကြပါ​စေနော်။

ပြီး​​တော့ … ကိုယ်အ​လေးချိန်နဲ့ အာဟာရဆိုင်ရာတို့အတွက် ကျွမ်းကျင်​သော အထူးကုဆရာဝန်​ကြီးများနှင့် အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးတိုင်ပင်လိုပါကလဲ My-Medicine ကိုနှိပ်၍ ရက်ချိန်းရယူနိုင်သလို ဖုန်းနံပါတ် 5588 (သို့မဟုတ်) 09779995588 သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်​နော်။


ဒီနှစ် တစ်ကယ်ဝိတ်ချတော့မယ်ဆိုရင်
New Year Weight Loss Resolution