အံဆုံးပေါက်ချိန်ရောက်ပြီလား

အံဆုံး​ပေါက်တယ်လို့ အလွယ်​ခေါ်​ပေမယ့် .. အံဆုံးဟာ ​ပေါက်တဲ့အချိန်မှာ ချက်ချင်း​တော့ အပြင်ကိုထွက်လာတာမျိုးမဟုတ်ပါဘူး။

မင်္ဂလာပါ စာဖတ်ပရိတ်သတ်တို့ရေ…

ဒီ​နေ့​တော့ ပညာရှိသွား (Wisdom Tooth)လို့​ခေါ်တဲ့ အံဆုံးအ​ကြောင်း​လေးကို မျှ​ဝေ​ပေးသွားပါ့မယ်​နော်။

အံဆုံး​ပေါက်ချိန်

အံဆုံး​ပေါက်ချိန်က​တော့ လူမျိုးအ​ပေါ်မူတည်ပြီး အများကြီးကွဲပြားနိုင်ပါတယ်။ မြန်မာလူမျိုးများအတွက်က​တော့ ၁၇နှစ်က​နေ ၂၅နှစ်အတွင်းမှာ အံဆုံး​ပေါက်တတ်ကြပါတယ်။ 

ကြီးသွား​တွေအားလုံးထဲမှာ ​နောက်ဆုံးမှ အသိပညာရင့်ကျက်တဲ့အရွယ်မှ​ပေါက်တဲ့သွားမို့ ပညာရှိသွား (Wisdom Tooth) လို့​ခေါ်ကြတာဖြစ်ပါတယ်။

အံဆုံး​ပေါက်တယ်လို့ အလွယ်​ခေါ်​ပေမယ့် .. အံဆုံးဟာ ​ပေါက်တဲ့အချိန်မှာ ချက်ချင်း​တော့ အပြင်ကိုထွက်လာတာမျိုးမဟုတ်ပါဘူး။ စတင်​ပေါက်ချိန်က​နေ ထွက်လာဖို့ ​နောက်ထပ် ၃ နှစ်​လောက်အထိ အံဆုံးရဲ့အမြစ်​တွေက ဆက်လက်ဖွံ့ဖြိုး​နေရ​သေးတာဖြစ်ပါတယ်။

အံဆုံးဆိုတဲ့အတိုင်း ကျ​နော်တို့အံသွား​​တွေရဲ့ ​နောက်ဆုံးမှာ​ပေါက်တဲ့ တတိယ​​မြောက် အံသွားဖြစ်ပြီး​တော့ .. အထက်၊ ​အောက်၊ ဘယ်၊ ညာ ဆိုပြီး အားလုံး​ပေါင်း ၄ ​ချောင်း​ပေါက်နိုင်ပါတယ်။

အံဆုံး​ပေါက်ချိန်မှာ အားလုံးနီးပါးက​တော့ နာတတ်တာများပါတယ်။ ဘာဖြစ်လို့လဲဆို​​ရင် အံဆုံးက အံသွား​တွေရဲ့အ​နောက်ဘက်က သွားဖုံးကို​ဖောက်ပြီး အပြင်ကို ထွက်လာရတာမို့ပါ။

ပြီး​တော့ အံဆုံးအများစုက ပုံမှန်တိုင်းမထွက်လာနိုင်ကြတာများပြီး ​ရှေ့က အံသွား​တွေကို သွားထိုးမိ တိုက်မိ​နေတာမျိုး ​ဘေးက​နေ​​ဖောက်ထွက်တာမျိုး​တွေရှိတတ်ပါတယ်။ အလွန်အမင်းနာကျဥ်ရင် ဒါမှမဟုတ် ဘက်တီးရီးယား​တွေ​ကြောင့် ကိုက်ခဲတာ​တွေဖြစ်လာရင်​တော့ အံဆုံးကို ဖယ်ရှားပစ်ရတတ်ပါတယ်။

အံဆုံးနဲ့ပတ်သက်ပြီး စိတ်ဝင်စားဖို့​ကောင်းတာ ၅ ခုလဲရှိ​နေပါတယ်

အဲ့တာ​တွေက​တော့ ..

အံဆုံးအများစုဟာ နှုတ်ပစ်ဖို့ လိုအပ်​နေတတ်ပါတယ်
ကမ္ဘာ့လူဦး​ရေရဲ့ ၃၅% က အံဆုံးမ​ပေါက်ကြပါဘူး
အံဆုံးမ​ပေါက်​အောင် ဘာလုပ်ရမလဲဆိုတဲ့ စမ်းသပ်ချက်​တွေလုပ်​နေကြတာမျိုးလဲ ရှိ​နေပါတယ်
အံဆုံး​ပေါက်သူအားလုံးရဲ့ ၉၀% ဟာ ထွက်မလာဘဲ​​စောင်း​နေတတ်ပါတယ် (Impacted Wisdom Tooth လို့ ​​ခေါ်ပါတယ်)
အံဆုံးဟာ စားဖို့ဝါးဖို့၊ စကားသံပီသဖို့၊ အလှအပ ဘယ်ကဏ္ဍမှာမှ အသုံးမဝင်တဲ့သွားလဲဖြစ်ပါတယ်

ဟုတ်ကဲ့ပါဗျ … ​ဆောင်းပါး​​လေးကို အဆုံးထိဖတ်ရှု​ပေးတဲ့အတွက်လဲ​ကျေးဇူတင်ပါတယ်။ စာဖတ်သူတို့မှာလဲ ဒုက္ခ​ပေးတဲ့ အံဆုံး​လေး​တွေရှိ​နေမယ်ဆိုရင်လဲ မ​ပေါ့ဆသင့်ပါဘူး​နော်။ ဒုက္ခ​ပေးနိုင်​ခြေ ရှိလားမရှိလားကို​တော့ ​မေးရိုးဓါတ်မှန်ရိုက်ကြည့်ပြီး စစ်​ဆေးနိုင်ပါတယ်။

သွားနဲ့ခံတွင်းကျန်းမာ​ရေးအတွက် ကျွမ်းကျင်​သော သွားဆရာဝန်​ကြီးများနှင့် အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးတိုင်ပင်လိုပါကလဲ My-Medicine ကိုနှိပ်၍ ရက်ချိန်းရယူနိုင်သလို ဖုန်းနံပါတ် 5588 (သို့မဟုတ်) 09779995588 သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်​နော်။



အသည်းကို ဒဏ်ရာအများဆုံးပေးတဲ့သူ
ကျ​နော်တို့ သတိမထားမိဘဲ ​မေ့​နေတတ်တဲ့ ​နောက်ထပ်အရာတစ်ခု ရှိ​နေပါ​သေးတယ်။ သူကလဲ အသည်းကို အရက်နဲ့တန်းတူ ဒဏ်ရာ​တွေ ​ပေးနိုင်စွမ်းရှိတဲ့သူပဲဖြစ်ပါတယ်။