အသည်းကို ဒဏ်ရာအများဆုံးပေးတဲ့သူ

ကျ​နော်တို့ သတိမထားမိဘဲ ​မေ့​နေတတ်တဲ့ ​နောက်ထပ်အရာတစ်ခု ရှိ​နေပါ​သေးတယ်။ သူကလဲ အသည်းကို အရက်နဲ့တန်းတူ ဒဏ်ရာ​တွေ ​ပေးနိုင်စွမ်းရှိတဲ့သူပဲဖြစ်ပါတယ်။



မင်္ဂလာပါ စာဖတ်ပရိတ်သတ်တို့ရေ…

အသည်း ဆိုတာက​တော့ ခန္ဓာကိုယ်ရဲ့ ကိုယ်တွင်းအင်္ဂါတွေထဲမှာ အကြီးဆုံး အစိတ်အပိုင်း တစ်ခုဖြစ်ပါတယ်။ ခန္ဓာကိုယ်က အစာတွေကို ချေဖျက်တဲ့နေရာမှာ ကူညီပေးသလို အင်အားတွေကို သိုလှောင်တာ၊ ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားတာတွေကိုလည်း လုပ်ဆောင်ပါတယ်။ သူက ခန္ဓာကိုယ်ထဲမှာ လှည့်ပတ်နေတဲ့သွေးတွေထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး စားသုံးလိုက်တဲ့ထဲမှာပါတဲ့ အဆီတွေကို သိမ်းဆည်းထားပေးပါတယ်။ အစာခြေဖို့လိုအပ်တဲ့ သည်းခြေရည်တွေကိုထုတ်ပေးပါတယ်။ 

ဒီလောက်ဆိုရင်တော့ အသည်းဆိုတာဟာ ခန္ဓာကိုယ်အတွက် အလုပ်အများဆုံးကြိုးစားလုပ်​ဆောင်​ပေး​နေရတဲ့ ကိုယ်တွင်းအင်္ဂါ တစ်ခုဖြစ်တာမို့ အသည်း​လေးကျန်းမာ​နေဖို့ အ​​ရေးကြီးတယ်ဆိုတာကို ခန့်မှန်းမိ​လောက်ပါပြီ​နော်။ 

ဒီတစ်ခေါက်တော့ အသည်းလေးကျန်းမာစေဖို့အတွက်လို့ ဆိုကြတဲ့အခါမှာ အသည်း​လေးကို ဒဏ်ရာ​တွေမ​ပေးမိဖို့ကလဲ အ​ရေးကြီးတာ​ကြောင့် ဒဏ်ရာ​ပေးတဲ့အရာ​လေး​တွေကို ​ရှောင်နိုင်ဖို့ တင်ပြ​ပေးသွားပါမယ်။

အသည်းပြဿနာ​တွေနဲ့ အသည်း​ရောဂါ​တွေဟာ အမျိုးမျိုး​သော အ​ကြောင်း​တွေ​ကြောင့် ဖြစ်နိုင်ပါတယ်။ သိသာထင်ရှားတဲ့ အများစုကို​​ပြောရမယ်ဆိုရင်​တော့ ဗိုင်းရပ်စ်ပိုး​တွေ၊ အရက်​သေစာနဲ့ အဝလွန်ခြင်းတို့​ကြောင့်လို့ ဆိုရပါမယ်။

ဒီထဲမှာမှ ​ခေါင်းစဥ်​လေးကအတိုင်း ပြန်​ကောက်ရမယ်ဆိုရင်​တော့ ကိုယ့်ရဲ့ အပြုအမူ အ​နေအထိုင်အ​ပေါ်မှာ မူတည်ပြီး​တော့အသည်းကို ဒဏ်ရာအ​ပေးဆုံးသူက​တော့ အရက်​သေစာ (Alcohol) ပဲဖြစ်ပါတယ်။

အရက်ဘီယာဟာ အသည်းကို ဆိုးကျိုးများစွာနဲ့ ထိခိုက်​စေနိုင်ပြီး​တော့ အသည်း​ရောင်ခြင်း၊ အသည်းအဆီဖုံးခြင်း၊ အသည်း​ခြောက်ခြင်းတို့က​နေ အသည်းကင်ဆာ​ရောဂါထိဖြစ်​​စေနိုင်ပါတယ်။ ဒါ​ကြောင့် အရက်ကို အလွန်အမင်း ​သောက်သုံးခြင်းက အသည်း​ကို ကြီးမားတဲ့ ဒဏ်ရာ​တွေ​ပေး​​နေတယ်ဆိုတာ သတိရပါ။ 

အလွန်အမင်းဆိုတာကိုသတ်မှတ်ရာမှာ​တော့ ​ဆေးဝါးသု​တေသီများက ဒီလိုဆိုပါတယ်။ အရွယ်​ရောက်ပြီးသား အမျိုးသားတစ်​ယောက်အတွက်ဆိုလျှင် တစ်ပတ်ကို အရက် (၁၅)ပက်နှင့်အထက်ကိုဆိုလိုခြင်းဖြစ်ပြီး အမျိုးသမီးများအတွက်ဆိုရင်​တော့ အရက် (၈)ပက်နှင့်အထက် ​သောက်သုံးခြင်းကို ဆိုလိုပါတယ်။

ဒါ့အပြင် .. ကျ​နော်တို့ သတိမထားမိဘဲ ​မေ့​နေတတ်တဲ့ ​နောက်ထပ်အရာတစ်ခု ရှိ​နေပါ​သေးတယ်။ သူကလဲ အသည်းကို အရက်နဲ့တန်းတူ ဒဏ်ရာ​တွေ ​ပေးနိုင်စွမ်းရှိတဲ့သူပဲဖြစ်ပါတယ်။ အဲ့တာက​တော့ သကြားပဲဖြစ်ပါတယ်။ Refined Sugar လို့​ခေါ်တဲ့ သန့်စင်ပြီးသား သကြားအားလုံးဟာ အရက်နဲ့တန်းတူ အသည်းကို ထိခိုက်ပျက်စီး​စေနိုင်တယ်လို့ စစ်တမ်းများမှာ​တွေ့ရှိ အတည်ပြုထားတာဖြစ်ပါတယ်။ ရိုးရိုးသကြား​တွေသာမက .. ဆိုဒါ​တွေ၊ အ​အေး​တွေ၊ သကြားလုံး​တွေမှာပါဝင်တဲ့ Added Sugar ​တွေကလည်း ထိုနည်းတူပဲဖြစ်ပါတယ်။

ဒါဆိုရင်​တော့ အရက်ကိုမှ ​ဆိုဒါ​တွေ ကိုလာ​တွေနဲ့​ရောပြီး အလွန်အမင်း​သောက်​နေဦးမယ်ဆိုရင် ကိုယ်ကိုယ်တိုင်က အသည်းကို ဒဏ်ရာအများဆုံး​ပေးတဲ့သူဖြစ်​နေ​တော့မှာ အ​သေအချာပါပဲ။

ဟုတ်ကဲ့ပါ ဆောင်းပါး​​လေးကို အဆုံးထိဖတ်ရှု​ပေးတဲ့အတွက်လဲ​ကျေးဇူတင်ပါတယ်။ ပြီး​​တော့ … 

အသည်းကျန်းမာ​ရေးအတွက် ဖြည့်စွက်​အားဖြည့်​ဆေးဝါးများဝယ်ယူလိုလျှင်ဖြစ်​စေ၊ အထူးကုဆရာဝန်​ကြီးများနှင့် အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးတိုင်ပင်လိုပါကလဲ My-Medicine ကိုနှိပ်၍ ရက်ချိန်းရယူနိုင်သလို ဖုန်းနံပါတ် 5588 (သို့မဟုတ်) 09779995588 သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်​နော်။


ဝမ်းလျှောမယ်နော် သတိထား
ဝမ်းလျှောတယ်ဆိုတာ ဝမ်းအရည်တွေ တစ်နေ့ကို(၃)ကြိမ်နှင့်အထက် သွားနေမှ ဝမ်းလျှောတယ်လို့ ဆိုလိုတာပါ။