ဗီတာမင် စီ က ကိုယ်ခံအားတစ်ခုပဲ တက်တာလား

Vitamin C benefits

Vitamin C ရဲ့ ခန္ဓာကိုယ်အတွက် အကျိုးကျေးဇူး (၇) ခု

Vitamin C ဟာ ခန္ဓာကိုယ်က မထုတ်လုပ်နိုင်သော်လည်း ကျန်းမာရေးအကျိုးကျေးဇူးများစွာနှင့် essential vitamin တစ်မျိုးဖြစ်ပါတယ်။ 

Vitamin C သာ ရေထဲမှာပျော်ဝင်နိုင်ပြီး လိ‌မ္မော်သီး၊ စတော်ဘယ်ရီသီး၊ ကီဝီသီး၊ ငရုတ်ပွသီး၊ broccoli၊ ကိုက်လန်နှင့် ဟင်းနုနွယ်တို့လို့ အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များစွာမှာ တွေ့မြင်နိုင်ပါတယ်။

နေ့စဉ်စားသုံးသင့်တဲ့ Vitamin C ပမာဏမှာ အမျိုးသမီးများအတွက် ၇၅ မီလီဂရမ်နှင့် အမျိုးသားများအတွက် ၉၀ မီလီဂရမ်ဖြစ်ပါတယ်။

များသောအားဖြင့် လိုအပ်တဲ့ vitamin C ကို အစားအစာများမှ ရယူရန် အကြံပေးကြသော်လည်း လူအတော်များများက သူတို့ရဲ့ vitamin C လိုအပ်ချက်ကို ဖြည့်ဆည်းရန် ဖြည့်စွက်စာများကို သောက်သုံးကြပါတယ်။

ယခုဆောင်းပါးမှာတော့ vitamin C supplement များရဲ့ သိပ္ပံနည်းအရ အထောက်အထားရှိပြီးဖြစ်တဲ့ အကျိုးကျေးဇူး (၇) ချက်ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


1. နာတာရှည်ရောဂါများ ဖြစ်နိုင်ချေကို လျှော့ချပေးခြင်း
Vitamin C ဟာ သွေးတွင်း antioxidant ပမာဏကို မြှင့်တင်ပေးနိုင်သော အားကောင်းတဲ့ antioxidant တစ်မျိုးဖြစ်တာကြောင့် နှလုံးရောဂါကဲ့သို့ နာတာရှည်ရောဂါများ ခံစားရနိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။


2. သွေးပေါင်ချိန်တက်ခြင်းကို ထိန်းညှိပေးနိုင်ခြင်း

ဗီတာမင် C ဖြည့်စွက်အားဆေးတွေဟာ ကျန်းမာသော အရွယ်ရောက်သူများအပြင် သွေးတိုးရောဂါရှိသူများကိုပါ သွေးပေါင်ကျစေကြောင်း တွေ့ရှိထားကြပါတယ်။


3. နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးခြင်း

တစ်နေ့လျှင် ဗီတာမင် C ဖြည့်စွက်အားဆေးပမာဏ အနည်းဆုံး 500 mg သောက်ပေးခြင်းဖြင့် နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ 
ဤဖြည့်စွက်များသည် နှလုံးသွေးကြောဆိုင်ရာ LDL (မကောင်းသော) ကိုလက်စထရောနှင့် triglycerides မြင့်မားခြင်း အပါအ၀င် နှလုံးရောဂါဖြစ်နိုင်ချေ အချက်များကို လျှော့ချနိုင်ပါတယ်။

သို့သော်လည်း အကယ်၍ သင်က vitamin C ပြည့်ဝတဲ့ အစားအစာတွေကို နေ့တိုင်းစားသောက်နေသူဆိုလျှင်တော့ ဖြည့်စွက်ဆေးထပ်သောက်ပေးခြင်းက သင့်နှလုံးအတွက် အပိုအကျိုးကျေးဇူးတွေ ထပ်ရလာမှာမဟုတ်ပါဘူး။


4. သွေးတွင်း uric acid ပမာဏကို လျှော့ချပေးပြီး ဂေါက်ရောဂါမှ ကာကွယ်ပေးနိုင်ခြင်း

Vitamin C ဖြည့်စွက်ဆေးတွေဟာ သွေးတွင်း uric acid ပမာဏကို လျော့ကျစေတာကြောင့် ဂေါက်ရောဂါများမှ ကာကွယ်ပေးနိုင်ပါတယ်။


5. သံဓာတ်ချို့တဲ့မှုမှ ကာကွယ်ပေးခြင်

Vitamin C ဖြည့်စွက်ဆေးတွေဟာ အစားအစာမှ သံဓာတ်စုပ်ယူမှုကို တိုးတက်စေရန် ကူညီနိုင်ပေးနိုင်ပါတယ်။ Vitamin C ဟာ အပင်မှအခြေခံသော သံဓာတ်များကဲ့သို့ စုပ်ယူနိုင်မှု အားနည်းတဲ့ သံဓာတ်တွေကို ခန္ဓာကိုယ်တွင်း လွယ်ကူစွာစုပ်ယူနိုင်တဲ့ သံဓာတ်အဖြစ် ပြောင်းလဲပေးပါတယ်။ 

အထူးသဖြင့် အသားတွေဟာ သံဓာတ်ရဲ့ အဓိကအရင်းအမြစ်ဖြစ်တာကြောင့် သတ်သတ်လွပ်သမားများအတွက် vitamin Cဟာ အရမ်းအရေးကြီးပါတယ်။ ဒါ့အပြင် vitamin C ၁၀၀ မီလီဂရမ်မျှ သောက်သုံးပေးခြင်းဖြင့်ပင် သံဓာတ်စုပ်ယူမှုကို ၆၇ ရာခိုင်နှုန်းအထိ တိုးတက်စေနိုင်ပါတယ်။

ဒါကြောင့် vitamin C ဟာ သံဓာတ်ချို့တဲ့‌သောသူများအတွက် သွေးအားနည်းရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်မှာဖြစ်ပါတယ်။


6. ကိုယ်ခံစွမ်းအား မြှင့်တင်ပေးခြင်း

ဗီတာမင် C ဟာ သွေးဖြူဥဆဲလ်တွေရဲ့ လုပ်ငန်းကို ပိုမိုထိရောက်စွာ ကူညီပေးခြင်းဖြင့် ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို အားကောင်းစေပြီး ဒဏ်ရာများကိုလည်း လျှင်မြန်စွာပျောက်ကင်းစေပါတယ်။


7. အသက်ကြီးလာတာနှင့်အမျှ မှတ်ဉာဏ်နှင့် စဉ်စားတွေးခေါ်နိုင်စွမ်းကို ကာကွယ်ပေးခြင်း

Vitamin C ပမာဏနည်းခြင်းဟာ မှတ်ဥာဏ်နှင့် ဦးနှောက်အာရုံကြောဆိုင်ရာပြဿနာများနှင့် ဆက်စပ်မှုရှိနေပြီး အစားအစာများနှင့် အာဟာရဖြည့်စွက်စာများမှ vitamin C မြင့်မားစွာစားသုံးခြင်းသည် ၎င်းတို့မှ ကာကွယ်နိုင်တဲ့ အာနိသင်ရှိကြောင်းကို တွေ့ရှိရပါတယ်။

ရင်သားဆီလီကွန်ထည့်ပြီး လေယာဉ်စီးတော့မယ်ဆိုရင်