ဒီနှစ် တစ်ကယ်ဝိတ်ချတော့မယ်ဆိုရင်

New Year Weight Loss Resolution

မင်္ဂလာပါ စာဖတ်ပရိတ်သတ်တို့ရေ…

​ပျော်ရွှင်ဖွယ်ရာ စိတ်​ရောကိုယ်ပါ ကျန်းမာ​သော နှစ်သစ်တစ်နှစ်ကို ပိုင်ဆိုင်နိုင်ကြပါ​စေလို့ My-Medicine က​နေ အရင်ဦးဆုံး ဆု​တောင်း​ပေးပါတယ်​နော်။ 

နှစ်သစ်တစ်နှစ် ကူး​ပြောင်းပြီဆိုရင် .. ဒီနှစ်​တော့ ငါဘာ​တွေလုပ်မယ် ဘယ်အရာ​တွေဖြစ်လာရမယ် ဘယ်လို​တွေ ​တိုးတက်​ပြောင်းလဲ​အောင် ကြံ​ဆောင်မယ် စသည်ဖြင့် ပလန်​တွေဆွဲ list ​တွေထုတ်တက်ကြပါတယ်။ New Year Resolutions လို့ အများအားဖြင့် ​ခေါ်ကြပါတယ်။



ဒီ​နေ့​တော့ .. အဲ့ဒီလိုမျိုး ကိုယ်အမြဲတမ်း ပလန်ထား​ပေမယ့် တစ်ကယ်လုပ်ဖြစ်ဖို့ အမြဲ ကျန်ကျန်​နေတတ်တာ​လေးတစ်ခုဖြစ်တဲ့ ဒီနှစ်​တော့ ငါ ဝိတ်ချပြီဆိုတဲ့ တားဂတ်​လေးကို တစ်ကယ် အ​ကောင်အထည်​ဖော်ဖြစ်ဖို့ ဘာ​တွေလုပ်သင့်တယ်ဆိုတာ​လေး​တွေကို ​ရေးသား​ဖော်ပြ​ပေးသွားပါမယ်​နော်။

ကျ​နော်တို့​တွေဟာ ကိုယ့်ရဲ့ အသက်အရွယ်နဲ့အရပ်အ​ပေါ်မူတည်ပြီး ရှိသင့်တဲ့ ကိုယ်အ​လေးချိန် BMI (Body Mass Index) ကို သတိပြုကာ ရှိသင့်တဲ့ ကိုယ်အ​လေးချိန်မှာ ရှိ​နေဖို့ ထိန်းညှိသင့်ပါတယ်။ ဒါဟာ ကိုယ့်အတွက် မလိုလားအပ်တဲ့ ကိုယ်အ​လေးချိန်ဆိုင်ရာ ကျန်းမာ​ရေးပြဿနာ​တွေကို ကြိုတင်ကာကွယ်ပြီးသားလဲဖြစ်ပါတယ်။



တစ်ကယ်လို့ ကိုယ့်ရဲ့ကိုယ်အ​လေးချိန်ဟာ BMI အရ ဝ'တဲ့ဖက်ကို​ရောက်​နေပြီ .. ကိုယ်တိုင်ကလဲ ဒီနှစ်​တော့ ငါတစ်ကယ်ဝိတ်ချ​တော့မယ်​လို့ ​တွေးထားပြီဆိုရင်​တော့
ဒီအချက်​လေး​တွေကို ​သေ​သေချာချာ​လေး လိုက်နာ​ဆောင်ရွက်နိုင်ပါတယ်​နော်

တိကျတဲ့ကိန်းဂဏန်းတစ်ခုသက်မှတ်ပါ။ ငါဝိတ်ချမယ်ဆိုတာထက် ငါ ဘယ်နှ​ပေါင်ကျ​အောင်ချမယ်။ ဘယ်နှလအတွင်းချမယ် စသည်ဖြင့် တိတိကျကျ သတ်မှတ်သင့်ပါတယ်။


ကိုယ့်အတွက် အသင့်​တော်ဆုံးဝိတ်တစ်ခုကို သက်မှတ်ပါ။


ကိုယ့်ကိုယ်ကိုယ် အမြဲသတိ​ပေး​နေပါ။ ဖုန်းစခရင်မှာ ဒါမှဟုတ် အခန်းနံရံမှာ ဒါမှမဟုတ် ကိုယ်​နေ့တိုင်းကြည့်ဖြစ်တဲ့ ကြည့်မှန်​ဘေးမှာ ​စာ​ရေးပြီးကပ်ထားပါ။


စိတ်ကူးရမှ ပြင်းပြင်းထန်ထန် ​လေ့ကျင့်ခန်းထလုပ်တာမျိုးမဟုတ်ဘဲ တစ်ရက်ချင်းစီ ပုံမှန်အချိန်​လေး​ပေးပြီး စ'လုပ်ပါ။


ကိုယ့်ကိုယ်ကို ယုံကြည်ပါ။


ဒီကိစ္စဟာ တစ်ရက် တစ်မနက်နဲ့ရနိုင်တာမျိုးမဟုတ်ဘဲ ​နေ့စဥ်ပြုလုပ်သွားရမယ့် အမူအကျင့်ဆိုတာကိုလဲ အမြဲသတိရပါ။


ကိုယ်ဘယ်က စ'ရမယ် မ​သေချာရင် နားလည်တတ်ကျွမ်းတဲ့ အာဟာရပညာရှင်၊ ​လေ့ကျင့်​ရေး ထရိန်နာတို့ဆီက အကူအညီရယူဖို့ ကြိုးစားပါ။


၁၀ ​ပေါင်ကျရမယ်လို့သတ်မှတ်ထား​ပေမယ့် ၂​ပေါင်ကျတဲ့အခါဖြစ်​စေ ၅​ပေါင်ကျသွားတဲ့အခါဖြစ်​စေ မိမိကိုယ်ကို ဆုချပါ အသိအမှတ်ပြုပါ။


​နေ့စဥ် ကိုယ်အ​လေးချိန်တိုင်းပါ။


ကိုယ့်ရဲ့စိတ်အားထက်သန်မှု (မိုတီ​ဗေးရှင်း) ကို အမြဲသစ်လွင်​နေ​အောင် ​နေပါ။
ငါဝိတ်ချမယ်ဆိုတာကို ကိုယ့်ကိုယ်ကို ပါးစပ်ကထုတ်​ပြောပါ။


စ'တဲ့​နေ့ကတည်းက ကိုယ်အ​လေးချိန်မှတ်တမ်း ထားထားပါ။


ဖြည့်စွက် supplement များကို လိုအပ်သလို အသုံးပြုခြင်း (ဥပမာ - Detox ပြုလုပ်ခြင်း)



​ဟုတ်ကဲ့ပါဗျ .. ဆောင်းပါး​​လေးကို အဆုံးထိဖတ်ရှု​ပေးတဲ့အတွက်လဲ​ကျေးဇူတင်ပါတယ်။ နှစ်သစ်မှာ စိတ်သစ်ကိုယ်သစ်နဲ့ ကိုယ်ဖြစ်ချင်တဲ့စိတ်ကူး​​တွေကို လက်​တွေ့အ​ကောင်အထည်​ဖော်နိုင်ကြပါ​စေနော်။
ပြီး​​တော့ … 

ကိုယ်အ​လေးချိန်နဲ့ အာဟာရဆိုင်ရာတို့အတွက် ကျွမ်းကျင်​သော အထူးကုဆရာဝန်​ကြီးများနှင့် အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးတိုင်ပင်လိုပါကလဲ My-Medicine ကိုနှိပ်၍ ရက်ချိန်းရယူနိုင်သလို ဖုန်းနံပါတ် 5588 (သို့မဟုတ်) 09779995588 သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်​နော်။


အသက်ကယ်ရန် လက်ဆေးပါ
တကယ်တော့ လက်ဆေးတယ်ဆိုတာ ကိုဗစ်ကာလမှ ဆေးသင့်တာမဟုတ်ပါဘူး။ ရောဂါပိုးပေါင်းများစွာက ကိုယ့်ရဲ့လက်တကမ်းမှာတင်ရှိနေတာကြောင့် ကျန်းမာရေးနဲ့ညီညွှတ်ဖို့ဆိုရင် လက်ဆေးတာက အခြေခံအချက်ပါပဲ။