COVID-19 ကာလမှာ ကိုယ်ဝန်ဆောင်ရမည်ဆိုလျှင်

Pregnancy and Covid 19

COVID-19 ကာလမှာ ကိုယ်ဝန်ဆောင်ရမည်ဆိုလျှင်

အမျိုးသမီးများ ကိုယ်ဝန်ဆောင်တယ်ဆိုတာ သာမန်အချိန်မှာတောင် အရမ်းဂရုစိုက်ရတာဖြစ်တဲ့အတွက် ယခုလို COVID-19 ကာလဟာ ကိုယ်ဝန်ဆောင်မိခင်များအတွက် အလွန်ပူပန်သောကရောက်ရတဲ့ ကာလတစ်ခုပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီဆောင်းပါးမှာတော့ COVID-19 ကာလမှာ မေမေတို့ သိထားသင့်တဲ့အချက်များကို ဖော်ပြပေးထားပါတယ်။

ကိုယ်ဝန်ဆောင်မိခင်တွေမှာ Covid 19 ရောဂါကို ပိုပြီးပြင်းထန်စွာ ခံစားရနိုင်သလား။

ဟုတ်ပါတယ်။ COVID-19 ဗိုင်းရပ်စ်၏ ပြောင်းလဲမှုများ ခန္ဓာကိုယ်ပေါ်မှာ ပိုမိုဖြစ်စေတဲ့ အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အသက်အရွယ်ကြီးခြင်းနှင့် ရောဂါအခံများရှိခြင်းတို့ကလည်း ကိုယ်ဝန်ဆောင်မိခင်များအပေါ် COVID-19 ကို ပြင်းထန်စွာ ခံစားရစေနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ ကာကွယ်ဆေးထိုးတာက side effect တွေ ပိုများစေမှာလား။

Side effect တွေကတော့ ဘယ်ကာကွယ်ဆေးမဆို ရှိပါတယ်။ COVID-19 ကာကွယ်ဆေး (Moderna, Pfizer-BioNTech) ထိုးထားသော ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ ကိုယ်ဝန်မဆောင်သူများထက် ပိုခံရတဲ့ side effect တွေဆိုပြီး မတွေ့ရသေးပါဘူး။ ကာကွယ်‌ဆေးထိုးပြီးနောက် allergic ဖြစ်တာမျိုးက အလွန်ရှားပေမယ့် တချို့မှာဖြစ်တတ်တာကြောင့် သင့်မှာ အခြားကာကွယ်ဆေးတွေနဲ့ မတည့်တာမျိုးရှိခဲ့လျှင် မထိုးခင် ဆရာဝန်နှင့် အရင်တိုင်ပင်သင့်ပါတယ်။

အလွယ်လေးဝါးစား ကလေးတို့အတွက်ကျန်းမာခြင်းများ
​ဆေးရည်လေးတွေကို ဇွန်းနဲ့ ချိန်တွယ်တိုက်ရမယ့် ဘေဘီပိစိလေးတွေမဟုတ်တော့တဲ့ သားသားမီးမီးတို့အတွက် အလွယ်တကူ ဝါးစားလို့ရပြီး ဗီတာမင်စီနဲ့ဇင့်ပါဝင်တဲ့ Ceelin Plus Chewable အား​ဆေးအခဲ​လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်​။