ကလေးရဖို့ ခက်ခဲနေသူတို့အတွက်

ကလေးရဖို့ခက်တာရဲ့ (40%) က သုတ်ပိုးအရေအတွက်နည်းခြင်း၊ သုတ်ပိုး မူမမှန်ခြင်း၊ ဆီးချိုရောဂါရှိခြင်းနဲ့ အရက်သောက်ခြင်း/ဆေးလိပ်သောက်ခြင်းတို့ကြောင့်လည်း ဖြစ်နိုင်တာကြောင့် အမျိုးသားတွေရဲ့ ချို့ယွင်းချက်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။

မင်္ဂလာပါ စာဖတ်ပရိတ်သတ်တို့ရေ…

မျိုးဆက်သစ်ရတနာလေးရဖို့ ခက်ခဲနေတဲ့ ဖေဖေမေမေတို့ ရှိလား? ပထမဆုံးပြောချင်တာကတော့ စိတ်ဓာတ်မကျပါနဲ့။ ကိုယ်ဝန်ရဖို့ကြိုးစားတာက စိတ်ရှည်ဖို့လိုပါတယ်။ အခုခေတ်မှာ မျိုးမအောင်ဘူးဆိုရင်တောင် ကုသလို့ရနေပါပြီ။ ကိုယ့်ရဲ့အိမ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ ဘာတွေလုပ်ဆောင်ရမလဲဆိုတာကို ဆက်လက်ဖတ်ရှုကြည့်ကြရအောင်။ 

ကလေးရဖို့ ဘာတွေလုပ်ဆောင်ဖို့လိုလဲ 

(၁) ပုံမှန်လိင်ဆက်ဆံပါ

နေ့တိုင်း ဒါမှမဟုတ် တစ်ရက်ခြားလိင်ဆက်ဆံတဲ့ စုံတွဲတွေမှာ ကိုယ်ဝန်ရနှုန်း အမြင့်ဆုံးဖြစ်တာကို တွေ့ရပါတယ်။ 

(၂) မမျိုးဥကြွေချိန် လိင်ဆက်ဆံပါ

နေ့တိုင်းလိင်ဆက်ဆံဖို့ မဖြစ်နိုင်ဘူးဆိုရင် ရာသီမလာခင် (၁၄)ရက်အလိုကနေစပြီး ကြိုးစားနိုင်ပါတယ်။ ရာသီစက်ဝန်းမမှန်တဲ့သူတွေမှာ မမျိုးဥကြွေတဲ့ရက်ကို မတွက်တတ်ဘူးဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပါ။ 

(၃) ပုံမှန်ကိုယ်အလေးချိန် ထိန်းပါ

၀လွန်းပိန်လွန်းတဲ့ အမျိုးသမီးတွေမှာ မမျိုးဥ ပုံမမှန်တာဖြစ်နိုင်တာကြောင့် ကိုယ်အလေးချိန်ထိန်းပါ။ 

(4) စိတ်ဖိစီးမှုတွေကို လျှော့ချပါ

စိတ်ဖိစီးမှုလျှော့ချဖို့ဆိုတာ ပြောတော့သာလွယ်တာ လုပ်ရခက်တယ်ဆိုတာ နားလည်ပါတယ်။ ဒါပေမယ့်လဲ စိတ်ဖိစီးမှုများတာက ရာသီစက်ဝန်းမမှန်တာမျိုး ဖြစ်စေတာကြောင့် ကြိုးစားပြီး ရအောင်လျှော့ချပါ။ 

(5) အချိန်လိုပါတယ်

သန္ဓေတားနည်းရပ်လိုက်တဲ့ နှစ်ပတ်အကြာကနေစပြီး ကိုယ်ဝန်ရနိုင်တယ်ဆိုပေမယ့် တချို့အမျိုးသမီးတွေမှာတော့ မမျိုးဥပြန်ကြွေဖို့ လနဲ့ချီကြာနိုင်ပါတယ်။ ဒါကြောင့် စိတ်ရှည်ရှည်ထားပါ။ 

ကလေးယူဖို့ ကြိုးစားနေစဉ်အတွင်း ဘာတွေရှောင်ရမလဲ 

ဆေးလိပ်မသောက်ပါနဲ့
အရက်မသောက်ပါနဲ့
ကော်ဖီလျှော့သောက်ပါ
ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်း မလုပ်ပါနဲ့။ 

ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြဖို့လိုလဲ 

ကျန်းမာတဲ့စုံတွဲတွေမှာ မကြာခဏ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းဖြင့် (၁)နှစ်အတွင်း ကိုယ်ဝန်ရနိုင်ပါတယ်။ အသက် (၃၅) နှစ်နဲ့အထက်ဆိုရင်တော့ (၆)လလောက်ကနေစပြီး ရတတ်ပါတယ်။ အဲ့ထက်ကြာနေပါက သားဖွားမီးယပ်အထူးကုဆရာဝန်နဲ့ သေချာပြသဖို့ လိုပါတယ်။ 

ဘာကြောင့် ကလေးရဖို့ခက်နေတာလဲ 

(၁) မမျိုးဥကြွေခြင်းဆိုင်ရာ ပြဿနာများ 

သားဥအိမ်မှာ အရည်အိတ်တည်တာ၊ ပရိုလက်တင်ဟော်မုန်းများနေတာ၊ လေ့ကျင့်ခန်းပြင်းပြင်းထန်ထန်လုပ်တာ၊ အ၀လွန်နေတာ၊ သိုင်းရွိုက်ဟော်မုန်းများလွန်းနည်းလွန်းတာတို့ဆိုရင် မမျိုးဥ မကြွေတာမျိုးတွေ ဖြစ်တတ်ပါတယ်။ 

(၂) သားဥပြွန်ပိတ်ဆို့ခြင်း 

အဖြစ်များတဲ့ မျိုးမပွားနိုင်တဲ့ အကြောင်းအရင်းတစ်ခုလည်း ဖြစ်ပါတယ်။ သားဥပြွန်ဆိုတာ မျိုးအောင်ရန်အတွက် သုတ်ပိုးနဲ့ မမျိုးဥတို့ ဆုံတဲ့နေရာဖြစ်ပါတယ်။ သားဥပြွန်ပိတ်နေမယ်ဆိုရင်တော့ မျိုးအောင်ဖို့အတွက် အဟန့်အတားဖြစ်နိုင်ပါတယ်။ 

(၃) သားအိမ်ပုံသဏ္ဍာန်မမှန်ခြင်း 

သားအိမ်ပုံသဏ္ဍာန်မမှန်တဲ့အခါ မျိုးအောင်ပြီးသားဥက သားအိမ်နံရံကို ချိတ်ဖို့ခဲရင်းတာကြောင့် ကလေးမရတာမျိုးတွေ ဖြစ်တတ်ပါတယ်။ 

(၄) တခြားအကြောင်းအရာများ

အရွယ်မတိုင်ခင် သွေးဆုံးသူနဲ့ ကင်ဆာရောဂါအတွက် ကုသမှုခံယူနေရသူတွေမှာလဲ ကလေးရဖို့ခက်ခဲနိုင်ပါတယ်။ တခြားဖြစ်နိုင်တဲ့ ဆေးပညာနဲ့ဆိုင်တဲ့ အကြောင်းအရင်းများစွာလဲ ရှိနေပါသေးတယ်။ 

ကလေးရဖို့ခက်တာရဲ့ (40%) က သုတ်ပိုးအရေအတွက်နည်းခြင်း၊ သုတ်ပိုး မူမမှန်ခြင်း၊ ဆီးချိုရောဂါရှိခြင်းနဲ့ အရက်သောက်ခြင်း/ဆေးလိပ်သောက်ခြင်းတို့ကြောင့်လည်း ဖြစ်နိုင်တာကြောင့် အမျိုးသားတွေရဲ့ ချို့ယွင်းချက်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ 

မျိုးမပွားနိုင်ခြင်းက အမျိုးသားနှင့် အမျိုးသမီး နှစ်ယောက်စလုံးအပေါ် သက်ရောက်မှုရှိတာကြောင့် (၂)ယောက်လုံး ကုသမှုခံယူသင့်ပါတယ်။ အခုခေတ်မှာ မျိုးမအောင်တာကို ကုသလို့ရနေတာကြောင့် သားဖွားမီးယပ်အထူးကုဆရာဝန်ကြီးများနှင့် ပြသဆွေးနွေးလိုပါက My-Medicine ကိုနှိပ်၍ (သို့) အောက်မှာဖော်ပြထားတဲ့ ဖုန်းနံပါတ်တွေကို တိုက်ရိုက်ဆက်သွယ် စုံစမ်းမေးမြန်းပြီး ရက်ချိန်းရယူနိုင်ပါတယ်။

ဆေးဝါးများဝယ်ယူပါက ရန်ကုန်မြို့တွင်းဆို (၂၄) နာရီအတွင်း ပို့ဆောင်ပေးပြီး မြန်မာတစ်နိုင်ငံလုံးကို အိမ်အရောက်ပို့ ဝန်ဆောင်မှုဖြင့် မြန်မြန်ဆန်ဆန် ပို့ဆောင်ပေးနေပါပြီ။ ကိုယ်လိုချင်တဲ့ ဆေးဝါးများကို www.mymedicine.com.mm (သို့မဟုတ်) KBZPay Market မှာ လွယ်လွယ်ကူကူ ရှာဖွေလို့ရပြီး အစအဆုံးကူညီရှင်းပြပေးမယ့် ဆေးဝါးပညာရှင်များကလည်း မနက် (၉) နာရီမှ ည (၁၂) နာရီအထိ အဆင်သင့်ရှိနေပါတယ်။

အသေးစိတ် စုံစမ်းမေးမြန်းလိုပါက Hotline နံပါတ် 09-77-999-5588 နဲ့ 5588 (MPT မှလွဲ၍ အခြား Operator များ) ကို ဆက်သွယ်နိုင်ပါတယ်။





ရာသီနောက်ကျနေပြီလား
တစ်ခါတစ်လေ ရာသီနောက်ကျတာက စိုးရိမ်စရာမရှိပေမယ့် ခဏခဏနောက်ကျနေပြီဆိုရင်တော့ ကျန်းမာရေးအခြေအနေတစ်ခုခုကြောင့် ဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ သေချာပေါက်ပြသဖို့လိုပါတယ်။