ကင်ဆာရောဂါနှင့်ကိုယ်ဝန်ဆောင်ခြင်း

Cancer and pregnancy



မင်္ဂလာပါ စာဖတ်ပရိတ်သတ်တို့ရေ…


ဒီတစ်​ခေါက်မှာ​တော့ ကင်ဆာ​ရောဂါနဲ့ကိုယ်ဝန်​ဆောင်ခြင်းအ​ကြောင်းကို ​ရေးသားသွားမှာဖြစ်ပါတယ်။ များ​သောအားဖြင့် ကင်ဆာ​ရောဂါ​တွေဟာ သက်ကြီးပိုင်း​တွေမှာ အဖြစ်များတယ်ဆို​ပေမယ့် တစ်ကယ်ဆိုရင် ကင်ဆာ​ရောဂါက အသက်အရွယ် ငယ်သည် ကြီးသည်မ​ရွေးဘဲ ဖြစ်ပွားတတ်ပါတယ်။ ပြီး​တော့ ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းမှာမဆိုလဲ ဖြစ်ပွားနိုင်တာ ဖြစ်ပါတယ်။ 

ကင်ဆာ နဲ့ ကိုယ်ဝန်​ဆောင်ခြင်းလို့ ​ပြောကြမယ့်အခါမှာ ပထမဆုံးတစ်ချက်က​တော့ အမျိုးသမီးများမှာ သားအိမ်​ခေါင်းကင်ဆာဖြစ်ပွားတာကလွဲရင် ကျန်ကင်ဆာ​ရောဂါများမှာ​တော့ ကျွမ်းကျင်တဲ့ဆရာဝန်များရဲ့ အကြံပြုကုသချက်များရရယူပြီး စနစ်တကျ ကိုယ်ဝန်​ဆောင်လို့ရနိုင်တာကို​တော့ ကြိုတင်သိရှိ​စေချင်ပါတယ်။
ဒါ​ကြောင့် သားအိမ်​ခေါင်းကင်ဆာကာကွယ်​ဆေးကို အရွယ်​ရောက်ပြီးသူအမျိုးသမီးတိုင်း ထိုးနှံထားဖို့ အ​ရေးကြီးပါတယ်​နော်။

ကိုယ်ဝန်​ဆောင်​နေစဥ်မှာကင်ဆာ​ရောဂါကုသမှုခံယူနိုင်သလား

သု​တေသနများအရ​တော့ ကိုယ်ဝန်​ဆောင်ကင်ဆာ​ရောဂါသည်အမျိုးသမီးများဟာ ကိုယ်ဝန်မရှိသူများနဲ့တန်းတူ ကင်ဆာကုသမှုကိုခံယူနိုင်ပါတယ်။ ဒါ​ပေမယ့် ကင်ဆာရဲ့အဆင့်နဲ့ ကိုယ်ဝန်အနုအရင့်အ​ပေါ်မှာမူတည်ပြီး အများစုက​တော့ မီးဖွားပြီးမှသာ ကင်ဆာကုသမှုများကိုခံယူဖို့ အကြံပြုကြပါတယ်။
​မိခင်​လောင်းမှာ ကင်ဆာ​ရောဂါရှိ​နေခဲ့ရင်​တောင် ကင်ဆာဆဲလ်​တွေက သ​န္ဓေသားကို ထိခိုက်​စေနိုင်တာမျိုးက​တော့ အင်မတန်ရှားပါးပါတယ်။

ကိုယ်ဝန်က ကင်ဆာဆဲလ်​တွေကိုပိုပြီးကြီးထွား​စေသလား

​ဆေးပညာရှင်များက သု​တေသနမျိုးစုံကို ပုံစံအမျိုးမျိုးနဲ့ပြုလုပ်ထားတဲ့ ရလာဒ်များအရ​တော့ ကိုယ်ဝန်က ကင်ဆာဆဲလ်​တွေကို ပိုမိုလျှင်မြန်စွာ​ကြီးထွား​စေခြင်းမျိုး မ​တွေ့ရှိရပါဘူး။

ကင်ဆာကိုယ်ဝန်​ဆောင်မီးဖွားခြင်း

အကယ်၍ မိခင်​လောင်းရဲ့ ကင်ဆာက တစ်ခုခု​သော ကင်ဆာကုသမှုကို ခံယူဖို့ လိုကိုလိုအပ်​နေပြီဆိုတဲ့အ​ခြေ​နေမျိုးမှာဆိုရင်​တော့ က​လေးကို ​စောပြီး ​မွေးရတာမျိုး ရှိနိုင်ပါတယ်။ မဟုတ်ရင်​တော့ ​နေ့လ​စေ့မှသာ​မွေးဖွားနိုင်ပါတယ်။ တိကျတဲ့လမ်းညွှန်မှုနဲ့ ရွေးချယ်မှုကိုတော့ ကျွမ်းကျင်သောဆရာဝန်ကြီးများနှင့် တိုင်ပင်ဆွေးနွေးရမှာဖြစ်ပါတယ်နော်။

ကင်ဆာ​​​ရောဂါရှိမိခင်နှင့်နို့တိုက်​ကျွေးခြင်း

ရင်သားကင်ဆာ ဆိုလျှင်​တော့ မိခင်နို့တိုက်​ကျွေးဖို့မဖြစ်နိုင်တာများပါတယ်။ အခြား​သော ကင်ဆာရှိသူမိခင်များ အ​နေနဲ့ဆိုရင်​တော့ ဓါတ်ကင်ခြင်း၊ ​ကင်ဆာဆေးသွင်းကုသခြင်းများ ခံယူ​နေရရင်​တော့ သားဖွားအထူးကုဆရာဝန်များနဲ့ ​တိုင်ပင်​ဆွေး​နွေးပြီး အကြံဥာဏ်ရယူသင့်ပါတယ်။

ဟုတ်ကဲ့ပါ .. ဆောင်းပါး​​လေးကို အဆုံးထိဖတ်ရှု​ပေးတဲ့အတွက်လဲ​ကျေးဇူတင်ပါတယ်။ ပြီး​​တော့ … 

ကင်ဆာ​ရောဂါအတွက်ဖြစ်​စေ .. ကိုယ်ဝန်​ဆောင်ကျန်းမာ​ရေးအတွက်ဖြစ်​စေ ..
အထူးကုဆရာဝန်​ကြီးများနှင့် အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးတိုင်ပင်လိုပါကလဲ My-Medicine ကိုနှိပ်၍ ရက်ချိန်းရယူနိုင်သလို ဖုန်းနံပါတ် 5588 (သို့မဟုတ်) 09779995588 သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်​နော်။

နို့သီးခေါင်းလေးတွေ အက်ကွဲတတ်တဲ့မေမေတို့အတွက်