သွေးဆုံးခါနီး သတိပြုစရာ လက္ခဏာများ

Menopause (မီးယပ်​သွေးဆုံးခြင်း) လို့ ​ဝေါဟာရတစ်ခုတည်းနဲ့သုံးနှုံးကြတယ်ဆို​ပေမယ့် ​ဆေးပညာအရဆိုရင်​တော့ မီးယပ်​သွေးဆုံးခြင်းကို အပိုင်းအခြား (၃)ခု ထပ်မံ ခွဲခြားထားပါတယ်။



မင်္ဂလာပါ စာဖတ်ပရိတ်သတ်တို့ရေ…

မီးယပ်​​သွေးဆုံးခြင်းဆိုတာ အမျိုးသမီးတိုင်းကြုံ​တွေ့ရမယ့် သဘာဝတစ်ခုဖြစ်ပါတယ်။ အမျိုးသမီးတစ်ဦးဟာ (၁၂)လ ဆက်တိုက် ဓမ္မတာမ​ပေါ်​တော့ဘဲ ရာသီစက်ဝန်းရပ်သွားခဲ့ပြီဆိုရင်​တော့ ​ဆေးပညာအရ မီးယပ်​သွေးဆုံးပြီလို့ ​ခေါ်ဆိုပါတယ်။ ​သွေးဆုံးပြီဆိုရင်​တော့ ဒါဟာ မိမိရဲ့သားဖွားမီးယပ်နိုင်မှု​တွေ ပြီးဆုံးလွန်​မြောက်သွားပြီလို့ သိလိုက်ရတာဖြစ်ပါတယ်။

Menopause (မီးယပ်​သွေးဆုံးခြင်း) လို့ ​ဝေါဟာရတစ်ခုတည်းနဲ့သုံးနှုံးကြတယ်ဆို​ပေမယ့် ​ဆေးပညာအရဆိုရင်​တော့ မီးယပ်​သွေးဆုံးခြင်းကို အပိုင်းအခြား (၃)ခု ထပ်မံ ခွဲခြားထားပါတယ်။ အဲ့တာ​တွေက​တော့ - 

Peri-Menopause - မီးယပ်​သွေးဆုံး​​မှုစတင်​နေ​သောအချိန်
Menopause - မီးယပ်​သွေးဆုံးချိန် နဲ့
Post-Menopause - မီးယပ်​သွေးဆုံးပြီးချိန် တို့ပဲဖြစ်ပါတယ်။

ဒီ​​ဆောင်းပါး​လေးမှာက​တော့ မီးယပ်​သွေးဆုံးခါနီးမှာ သတိထားရမယ့် လက္ခဏာများကို ဦးစား​ပေး​ဖော်ပြ​ပေးသွားမှာ ဖြစ်ပါတယ်​နော်။

မီးယပ်​သွေးဆုံးချိန် အမျိုးသမီး တစ်ဦးနဲ့တစ်ဦးအနည်းငယ်ကွာဟနိုင်ပါတယ်။ စစ်တမ်းများအရ ပုံမှန်အများအားဖြင့်ဆိုရင်​တော့ အသက် (၄၅)နှစ်နဲ့ (၅၅)နှစ်ကြားမှာ ​သွေးဆုံးချိန်​ရောက်​လေ့ရှိကြပါတယ်။

မီးယပ်​သွေးဆုံးချိန်နီးပြီဆိုရင် အမျိုးသမီးများ အရင်ဆုံးကြုံ​တွေ့ခံစားရ​လေ့ရှိတာ​တွေက​တော့ VMS (Vasomotor Symptoms) လို့​ခေါ်တဲ့ ​သွေး​လေလည်ပတ်မှုလက္ခဏာ​တွေဖြစ်ပါတယ်။ အဖြစ်အများဆုံးက​တော့ Hot Flashes လို့​​ခေါ်တဲ့ မီးယပ်ချမ်းလက္ခဏာ​တွေပါ။ အရပ်အ​ခေါ် ​သွေးဆုံးကိုင်တယ်လို့​ခေါ်​တဲ့ Hot Flashes ရဲ့ လက္ခဏာ​တွေက​တော့ -

ဖိန်းတိန်းရှိန်းတိန်းဖြစ်ခြင်း
ပူ​လောင်ခြင်း
နှလုံးခုန်မြန်ခြင်း
​ချွေးထွက်များခြင်း တို့ပါဝင်ပါတယ်။

တစ်ခြား​သော ​သွေးဆုံးခါနီးအချိန်မှာ ကြုံ​တွေ့ရနိုင်တဲ့ အခြားလက္ခဏာအချို့က​တော့ -

ဓမ္မတာမမှန်ခြင်း (သို့) ဓမ္မတာ​ပျောက်​ပျောက်သွားတတ်ခြင်း
မိန်းမကိုယ် ​ခြောက်​သွေ့လာခြင်း
သားမြတ်​တွေ တင်းခြင်း၊ နာကျဥ်ခြင်း
မကြာခဏ ဆီးသွားတတ်လာခြင်း
နှစ်ခြိုက်စွာအိပ်မ​ပျော်ခြင်း (သို့) လန့်လန့်နိုးခြင်း
ရင်တုန်ပန်းတုန်​မောပန်း​နေတတ်ခြင်း
စိတ်ဂနာမငြိမ်ဖြစ်ခြင်း
အသား​ရေ​​ခြောက်​သွေ့လာခြင်းနဲ့
မကြာခဏ အာ​ခြောက်တတ်လာခြင်းတို့ပဲဖြစ်ပါတယ်။

မိမိရဲ့ အသက်အရွယ်နဲ့ ဒီလိုလက္ခဏာမျိုး​တွေ ကြုံ​တွေ့​နေရပြီဆိုရင်​တော့ ဒါဟာ​သွေးဆုံး​တော့မယ့် လက္ခဏာ​တွေလားဆိုတာကို ချိန်ဆကြည့်လို့ရဖို့ အ​ထောက်အကူဖြစ်နိုင်မယ်လို့ ထင်ပါတယ်​နော်။ ရှေ့ဆုံးမှာ ​ပြောခဲ့သလိုပဲ ​မီးယပ်သွေးဆုံးတယ်ဆိုတာ အမျိုးသမီးတိုင်းကြုံ​တွေ့ရမယ့် သဘာဝပဲဖြစ်တာမို့ စိုးရိမ်ထိတ်လန့်​နေစရာမလိုဘဲ ​ကျော်ဖြတ်သွားလို့ရတဲ့ အချိန်တစ်ခုဖြစ်တယ်ဆိုတာကိုလဲ သတိရ​စေချင်ပါတယ်။

​သွေးဆုံးကိုင်တဲ့လက္ခဏာ​တွေရဲ့ ပြင်းထန်မှုက​တော့ တစ်​ယောက်နဲ့တစ်​ယောက် မတူကွဲပြားနိုင်တာမို့ ကုသ​ဆွေး​နွေးမှုဖြစ်​စေ၊ ဖြည့်စွက်​ဆေးဝါးများဖြစ်​စေလိုအပ်တာမျိုး​တွေ​တော့ ရှိနိုင်ပါတယ်။

ဟုတ်ကဲ့ပါ ဆောင်းပါး​​လေးကို အဆုံးထိဖတ်ရှု​ပေးတဲ့အတွက်လဲ​ကျေးဇူတင်ပါတယ်။ ပြီး​​တော့ … 

အားဆေးနှင့်​ဆေးဝါးများဝယ်ယူရန်ဖြစ်​စေ၊ သားဖွားနှင့်မီးယပ် အထူးကုဆရာဝန်​ကြီးများနှင့် အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးတိုင်ပင်လိုလျှင်ဖြစ်​စေ My-Medicine ကိုနှိပ်၍ ရက်ချိန်းရယူနိုင်သလို ဖုန်းနံပါတ် 5588 (သို့မဟုတ်) 09779995588 သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်​နော်။

သင့်ကလေးတုပ်ကွေးမိလျှင် လုပ်ဆောင်ရမည့် အချက် (၄) ချက်
အအေးမိတဲ့အခါ အမြဲတမ်း မဖျားနာတတ်ပေမယ့် တုပ်ကွေးကတော့ အမြဲဖျားနာစေတာကြောင့် ကလေးတွေကို ကိုက်ခဲပင်ပန်းပြီး အားနည်းစေပါတယ်။