Skip to Content

Male Menopause

အမျိုးသားတို့ သွေးဆုံးချိန်
November 9, 2026 by
Male Menopause
Shoon (My-Medicine)

အမျိုးသားတို့ သွေးဆုံးချိန်

အမျိုးသမီးတွေမှာတင်မဟုတ် အမျိုးသားတွေမှာလဲ သွေးဆုံးချိန်ဆိုတာ ရှိပါတယ်။ အသက်ကြီးလာလေ ကျားဟော်မုန်းဖြစ်တဲ့ Testosterone ထုတ်လုပ်မှု တဖြည်းဖြည်းနဲ့ လျှော့နည်းလာတာကြောင့် အသက် (၄၀)နောက်ပိုင်းကနေစပြီး သွေးဆုံးတဲ့ လက္ခဏာတွေ ခံစားရတတ်ကြပါတယ်။

ဘာကြောင့်အမျိုးသားတွေ သွေးဆုံးရတာလဲ?

ကျားဟော်မုန်းလို့ခေါ်တဲ့ Testosterone ကို ဝှေးစေ့ကနေ ထုတ်ပေးပါတယ်။ ဒီဟော် မုန်းက အရွယ်မရောင်ခင်မှာ ပမာဏအနည်းငယ်သာရှိပါတယ်။ လူပျိုဖော်ဝင်တဲ့ အရွယ်ကို ရောက်လာပြီဆိုရင်တော့ ကျားဟော်မုန်းပမာဏ မြင့်တက်လာပါပြီ။ အဲ့တာကြောင့် ခန္ဓာကိုယ်ဖွံ့ဖြိုးလာတာ၊ အမွှေးအမျှင်တွေပေါက်လာတာ၊ အသံတွေပြောင်းလာတာ၊ လိင်စိတ်ဆန္ဒတွေ ဖြစ်လာတာပေါ့။

အဲ့လိုမြင့်တက်နေရာကနေ အသက်ကြီးလာတာနဲ့အမျှ Testosterone ပမာဏက ပြန်လျှော့နည်းသွားပါတယ်။ အသက်(၃၀)နောက်ပိုင်းကနေစပြီး တစ်နှစ်ကို 1% စီ ကျ ဆင်းသွားပါတယ်။ ကျန်းမာရေးမကောင်းတဲ့သူဆိုရင် ပိုလို့တောင် ကျဆင်းနိုင်ပါတယ်။ အဲ့လိုကနေ တဖြည်းဖြည်းလျော့နည်းလာပြီး သွေးဆုံးချိန်ကို ရောက်လာပါတော့တယ်။

 

အမျိုးသမီးတွေနဲ့ တူလား?

အမျိုးသားသွေးဆုံးချိန်ဆိုတာ အမျိုးသမီးတွေလို မဟုတ်ပါဘူး။ များစွာ ကွဲလွဲပါ တယ်။ သွေးဆုံးချိန်ကို အမျိုးသမီးတိုင်းခံစားရပေမယ့် အမျိုးသားတွေမှာကျ လူတိုင်းမဖြစ်ပါဘူး။ အမျိုးသမီးတွေ သွေးဆုံးရင် ကိုယ်ဝန်မဆောင်နိုင်တော့ပေမယ့် အမျိုး သားတွေကတော့ သွေးဆုံးတဲ့လက္ခဏာတွေ ခံစားနေရပေမယ့်လဲ မျိုးပွားနိုင်ပါသေးတယ်။


ခံစားရတဲ့ လက္ခဏာများ

ကိုယ့်ရဲ့ အသက်အရွယ်၊ ကျန်းမာရေးအခြေအနေနဲ့ lifestyle ပေါ်မူတည်ပြီး တစ်ယောက်နဲ့ တစ်ယောက်ခံစားရတာတွေက မတူပါဘူး။

- လိင်စိတ်ဆန္ဒလျှော့နည်းလာမယ်

- လိင်တံထောင်မတ်ဖို့ ခက်လာမယ်

- ဝှေးစေ့အရွယ်အစားသေးလာမယ်

- ရင်သားတွေ ကြီးလာမယ်

- အရိုးပွလာမယ်

- ညဘက်အိပ်ပျော်ဖို့ခက်လာမယ်

- ချွေးထွက်များပြီး ပူစပ်ပူလောင်ဖြစ်တာတို့အပြင် Energy ကုန်ခမ်းလာတာ၊ ကိုယ့် ကိုကိုယ်ယုံကြည်မှုလဲမရှိ တက်ကြွမှုလဲမရှိတော့တာ။ အာရုံစူးစိုက်ဖို့လဲ ခက်လာတာ။ အဆီတွေပိုစုလာတာကြောင့် ဗိုက်ပူလွယ်လာတို့ အဖြစ်များကြပါတယ်။

 မျိုးမပွားနိုင်တော့လောက်အောင်ထိ ခံစားရတဲ့သူတစ်ချို့လဲ ရှိပါတယ်။

 

ကုသလို့ရလား?

ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးဖို့လိုသလို ကျန်းမာတဲ့လူနေမှုပုံစံနဲ့ နေထိုင်ဖို့လဲ လိုပါတယ်။

- လေ့ကျင့်ခန်းပုံမှန်လုပ်တာ

- အိပ်ရေး၀အောင် အိပ်တာ

- ကျန်းမားရေးနဲ့ ညီညွတ်တာပဲစားတာ

- စိတ်ဖိစီးမှုကို‌‌ လျှော့ချတာတို့ကို ဆိုလိုတာပါ။

 

လိင်ပိုင်းဆိုင်ရာပြဿနာတွေက အသက်ကြီးလာတာနဲ့အမျှ ပိုဆိုးလာတာကြောင့် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးဖို့ မရှက်ပါနဲ့။ 

လူချင်းမတွေ့ဘဲ အွန်လိုင်းမှတစ်ဆင့် ကျွမ်းကျင်တဲ့ဆရာဝန်ကြီးများဖြင့် ပြသလိုပါက ဒီလင့် https://tinyurl.com/mymedicinetele ကိုနှိပ်၍ ရက်ချိန်းရယူနိုင်သလို ဖုန်းနံပါတ် 5588 (သို့မဟုတ်) 09779995588 သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။ 

အမျိုးသားတွေမှာအဖြစ်များသော ကင်ဆာရောဂါများ