Skip to Content

Broken family က ကလေးတွေက ပိုပြီးလိမ္မာတတ်တာလား

November 18, 2024 by
Hsu Pyae Sone
Broken family က ကလေးတွေက ပိုပြီးလိမ္မာတတ်တာလား


ဘဝမှာ မိသားစုစုံစုံလင်လင်နဲ့နေချင်ကြတာ လူတိုင်းရဲ့အိမ်မက်ဖြစ်ပါတယ်။ဒါပေမယ့် တခါတလေ ကံကြမ္မာရဲ့မျက်နှာသာမပေးမှုကြောင့် အဖေ(သို့)အမေ ဆုံးပါးသွားတာ၊အဝေးမှာရှိတာနဲ့ အဖေနဲ့အမေစိတ်သဘောထားချင်းမတိုက်ဆိုင်ဘဲ စိတ်ဝမ်းကွဲပြီး တကွဲတပြားဖြစ်နေတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒီအခါမှာတော့ မြေစာပင်ဖြစ်တဲ့ကလေးတွေကပိုပြီးခံစားရတတ်ပါတယ်။

လူတိုင်းအချစ်ခံချင်ပါတယ်။လူတိုင်းအရေးပေးခံချင်ပါတယ်။ဒါပေမယ့် ဘဝပေးအခြေအနေအရ broken family မှာကြီးပြင်းလာရတဲ့အခါ ကိုယ့်ကိုကိုယ် အကောင်းဆုံးဖြစ်အောင် ပိုပြီးကြိုးစားလာရပါတော့တယ်။ဒီအခါမှာ ၂ မျိုးကွဲသွားတတ်ပါတယ်။ပတ်ဝန်းကျင်ရဲ့ ငြိုငြင်မှူမခံရအောင် ပိုလိမ္မာပြတဲ့ကလေးရယ်၊ဘယ်သူကိုမှ ဂရုမစိုက်ဘဲ ဂျစ်ကန်ကန်နေတတ်တဲ့ကလေးရယ်ဆိုပြီး ကွဲပြားသွားတတ်ပါတယ်။ရှင်သန်ရာပတ်ဝန်းကျင်မှာ အချစ်ခံရအောင် အမျိုးမျိုးကြိုးစားပြတဲ့သူရယ်၊ဘယ်သူကိုမှမယုံတော့တဲ့သူရယ်ပေါ့။

Broken family မှာ ကြီးပြင်းခဲ့ရတဲ့ကလေးဟာအဖေ(သို့)အမေဆီကမရတဲ့အချစ်၊မရတဲ့ attention ကို ပတ်ဝန်းကျင်ကရအောင် အထူးကြိုးစားကြပါတယ်။လူတိုင်းအပေါ်ရိုသေလိမ္မာပြီး သူငယ်ချင်းအချင်းချင်းအပေါ်လည်း လိုတာထက်ပိုကောင်းပေးလို့ တခါတလေ boundaries မရှိတဲ့ people pleaser ဘဝကိုရောက်သွားတတ်ပါတယ်။ဘဝမှာ ဘယ်လောက်ကြိုးစား၊ကြိုးစား မပြည့်နိုင်တဲ့ကွက်လပ်လေးဟာ broken family ဖြစ်ရခြင်းပါပဲ၊။ဒါကြောင့်မို့ ချစ်တဲ့သူတွေကို လိုတာထက်ပိုချစ်ပေးတာ၊ဂရုစိုက်တာတွေကို ရက်ရက်ရောရောပြုလုပ်ပေးတတ်ကြပါတယ်။

Broken family ချင်းတူတူတောင် တချို့ကလေးတွေက ငယ်ငယ်လေးကတည်းက နာကျင်မှုတွေ နဲ့ နေလာရတာမို့ တသီးတသန့် ခွဲ ထွက် နေထိုင် တတ်ကြပါတယ်။ဒီ စိတ်ဒဏ်ရာ ကြောင့်ဘဲ Bipolar ( စိတ်အတက်အကျမြန်တဲ့ ရောဂါ) ရှိ တတ်ကြတယ်။စိတ်တိုလွယ်ပြီး ဘယ်သူကိုမှ အားမကိုး၊ဘယ်သူကိုမှ မယုံကြည်တတ်တော့ပါဘူး။လောကကြီးမှာ အယုံကြည်ရဆုံးဖြစ်ရမယ့် မိဘတွေဆီကတောင် မျက်နှာသာပေးခြင်းမခံရတဲ့အခါ ဂျစ်ကန်ကန်နဲ့အရွဲ့တိုက်တတ်လာပါတော့တယ်။အမြဲအတွေးလွန်ပြီး သူများထင်မြင်ချက်ကိုအလေးမထားတဲ့ အေးစက်မာကျောတဲ့နှလုံးသားပိုင်ရှင်တွေ ဖြစ်လာကြပါတော့တယ်။

မိစုံဖစုံဘဝကိုလူတိုင်းလိုချင်ပေမယ့် အခြေအနေအရ broken family ဖြစ်နေတဲ့ကလေးကို တွေ့ရတဲ့အခါ ပတ်ဝန်းကျင်ရဲ့ဆက်ဆံမှုကလည်းအရေးကြီးပါတယ်။သူတို့ကို ချစ်ပေးပါ၊လေးစားပေးပါ၊ကြင်ကြင်နာနာယုယုဆက်ဆံပေးပါ။Broken family ဖြစ်ရခြင်းကသူတို့ရဲ့ရွေးချယ်မှုမဟုတ်တဲ့အတွက် အတူနေမိသားစုကလည်း သူ့ကိုနားလည်အောင်သေချာရှင်းပြပြီး အစွန်း ၂ ဖက်မရောက်အောင်ပျိုးထောင်ပေးဖို့လိုအပ်ပါတယ်။

ဆောင်းပါးလေးကိုအဆုံးထိဖတ်ရှုပေးလို့ကျေးဇူးတင်ပါတယ်။



ရာသီဥတုကြောင့်စိတ်ကျခြင်း