နေ့စဉ် အားကစားတစ်ခုခုပုံမှန်လုပ်နေတာဟာ အလွန်ကောင်းတဲ့ အပြုအမူတစ်ခုဖြစ်ပါတယ်။ ဒီအားကစားတွေထဲကမှ အပြေးလေ့ကျင့်ခြင်းဟာ သက်လုံကောင်းစေပြီး ကိုယ်ခန္ဓာက အဆီပိုတွေကို မျှမျှတတလောင်ကျွမ်းဖျက်ဆီးပေးနိုင်တာမို့ အချိုးအစားကျကျ ကျစ်လစ်သွယ်လျလာစေနိုင်ပါတယ်။ ဆီးချိုသွေးချိုရောဂါနဲ့ သွေးတိုးရောဂါရှိသူတွေဆိုရင် ရောဂါကိုသာမက ကိုယ်အလေးချိန်ကိုပါ ထိန်းထားနိုင်လို့ အကျိုးများပါတယ်။
ရာသီဥတုကလည်း ယခု နိုဝင်ဘာလကနေ နောက်နှစ် ဖေဖော်ဝါရီလအထိကို 𝐬𝐮𝐩𝐞𝐫 𝐄𝐥 𝐍𝐢ñ𝐨 ဂေါ်ဇီလာအယ်နီညိုရာသီဥတုလို့ သတ်မှတ်ထားပါတယ်။ ဒီအချိန်အတွင်း အားကစားလုပ်မယ်ဆိုရင် လိုက်နာရမဲ့ အချက်လေးတွေ ပြောပြပေးပါမယ်။
မပြေးခင်မှာ 𝐩𝐫𝐞𝐩𝐚𝐫𝐚𝐭𝐢𝐨𝐧 ပြင်ဆင်ရမယ့် အချက်လေးတွေရှိပါတယ်။
🎽အဝတ်အစားရွေးမယ်ဆိုရင် ချွေးထွက်လာရင် ပြင်ပလေကို အမြန်စုပ်ယူပြီး မြန်မြန်ခြောက်လွယ်တဲ့ 𝐧𝐲𝐥𝐨𝐧 နိုင်လွန်နဲ့ 𝐩𝐨𝐥𝐲𝐞𝐬𝐭𝐞𝐫 ပါတဲ့အမျိုးအစားကိုသာ ရွေးချယ်ဝတ်ဆင်ပါ။ ချည်ထည်ဟာဆိုရင် ချွေးအောင်းပြီး စိုထိုင်းဆများစေတာကြောင့် လေ့ကျင့်ခန်းလုပ်နေစဉ် မဝတ်သင့်ပါဘူး။
👟သင့်တော်တဲ့ အားကစားဖိနပ်ကို စီးပါ။
🧴နေလောင်ဒဏ်ကာကွယ်ဖို့ အနည်းဆုံး 𝐒𝐏𝐅 𝟓𝟎 ရှိတဲ့ 𝐬𝐮𝐧𝐬𝐜𝐫𝐞𝐞𝐧 တစ်မျိုးမျိုးကို နေရောင်တိုက်ရိုက်ထိမယ့်နေရာ မျက်နှာ၊ လည်ပင်းနဲ့ ခြေလက်တွေကို သေချာနှံ့စပ်အောင်လိမ်းပါ။
👒နေကာ ဦးထုပ်ဝတ်ဆင်ပါ။
✅ဗိုက်ဟောင်းလောင်းနဲ့ ပြေးတာရယ် ပေါ့ပေါ့ပါးပါး ငှက်ပျောသီး၊ ဒိန်ချဉ်နဲ့ အသီးအနှံတစ်ခုခု စားပြီးမှ ပြေးတာဟာ အဆီကို လောင်ကျွမ်းရာမှာ ကွာခြားမှု သိပ်မများတာမို့ ပြေးနေတုန်း အားခွန်ပြည့်အောင် ၁နာရီလောက် ကြိုစားထားပြီး ပြေးမယ်ဆိုလည်း ရပါတယ်။
⌚ပြေးမယ့် အချိန်ကို နေအရမ်းမပူတဲ့ အချိန်တွေ မနက် ၉နာရီ မတိုင်မီနဲ့ ညနေ ၄ နာရီနောက်ပိုင်းကိုသာ ရွေးချယ်ပါ။
🏃♀️စမပြေးမီ အရင်ဆုံး သွေးပူလေ့ကျင့်ခန်းလုပ်ပါ။ ကိုယ်အပြေးလေ့ကျင့်မယ့် လမ်းဟာ အရိပ်ကောင်းကောင်းရပြီး ခလုတ်ကသင်းနည်းတဲ့ လမ်းဖြစ်ရင်ပိုကောင်းပါတယ်။
💦ပြေးနေစဉ်နဲ့ ပြေးပြီးရင်လည်း ရေကို သေချာသောက်ပေးပါ။ မိမိကိုယ်ခန္ဓာက ပြနေတဲ့ လက္ခဏာတွေ ဥပမာ မူးတာ၊ အန်ချင်လာတာ၊ နားအူတာ၊ ကတုန်ကယင်ဖြစ်လာတာဆိုရင် ချက်ချင်းအရိပ်ရတဲ့ နေရာမှာ နားပြီး ရေသေချောသောက်ပေးပါ။
🩺တစ်နေ့တာအတွက် အပြေးလေ့ကျင့်မှု ပြီးဆုံးသွားရင်လည်း ထမင်း၊ ပေါင်မုန့်၊ အသား၊ အစေ့အဆံ၊ အသီးအနှံ စတဲ့ အစားအစာတွေကို မျှမျှတတ သေချာစားပေးပါ။ လိုက်နာရမယ့် အချက်လေးတွေ ကောင်းစွာသိပြီး ကျန်းမာသန်းစွမ်းတဲ့ သူဖြစ်အောင် ပုံမှန်လေ့ကျင်ခန်းလုပ်ကြရအောင်နော်။