Skip to Content

အခုတလော အဖြစ်များနေတဲ့ အရေပြားယားယံခြင်းအကြောင်း

2026- နိုဝင်ဘာ 10 by
အခုတလော အဖြစ်များနေတဲ့ အရေပြားယားယံခြင်းအကြောင်း
Shoon (My-Medicine)

ယခုလို အပူချိန်ပြင်းထန်ချိန်မှာ နေရောင်နဲ့ ထိတွေ့တာများလေ၊ ပတ်ဝန်းကျင်အပူချိန်များလေ၊ ချွေးထွက်များလေ ခန္ဓာကိုယ်အနှံ့အပြားမှာ အနီအစက်တွေ အကွက်တွေနဲ့ အင်ပြင်ထတာတွေကို တွေ့ကြုံခံစားကြရပါမယ်။ သင်ရော အရမ်းယားတဲ့ အနီအကွက်တွေ ထွက်တာမျိုး ကြုံနေရပြီလား။ 

သင့် ကိုယ်ခန္ဓာအရေပြားပေါ်မှာ နီရဲပြီး ကြွတက်နေတဲ့ အရမ်းယားတဲ့ အပိန့်အကွက်တွေကို သတိထားမိနေပြီလား။ ဒါဟာ 𝐔𝐫𝐭𝐢𝐜𝐚𝐫𝐢𝐚 လို့ခေါ်တဲ့ အင်ပြင်ဖြစ်ဖို့များပါတယ်။ ကိုယ်ခန္ဓာအနှံ့အပြားမှာ ရုတ်တရက်ဖြစ်ပေါ်လာတတ်သလို အတွေ့များတဲ့ အရေပြားရဲ့ တုံ့ပြန်မှုတစ်ခုလည်း ဖြစ်ပါတယ်။

အင်ပြင်ဘာကြောင့် ထွက်ရသလဲ❗

ယားလွန်းလှတဲ့ ဒီအနီပြင်တွေဟာ များစွာသော အကြောင်းအချက်တွေကြောင့်  ဖြစ်နိုင်ပါတယ်

၁) အစာနဲ့ ဓါတ်မတည့်တာ ( ပင်လယ်စာ၊ မြေပဲ၊ စတော်ဘယ်ရီသီး)

၂) အချို့သော ဆေးဝါးများ ( သွေးကျဲဆေး၊ အကိုက်အခဲပျောက်ဆေး၊ ပိုးသတ်ဆေးနဲ့ ထုံဆေး ) 

၃) ဗိုင်းရပ်စ်ပိုးများ

၄) ရာသီဥတုနဲ့ အပူချိန် ပြောင်းလဲမှု

၅) ဖုန်မှုန့် နဲ့ ပတ်ဝန်းကျင်လေထုထဲ သို့မဟုတ် အရာဝတ္ထုတွေပေါ်မှာရှိနေနိုင်တဲ့ ဝတ်မှုန်၊ မှို၊ ပိုးဟပ်ချေးနဲ့ တိရစ္ဆာန်အညစ်အကြေးတွေ

၆) ချွေးထွက်များတာ၊ အပူများတာနဲ့ အရေပြားကို ကြာကြာဖိထားတာကနေ ဖြစ်စေပါတယ်။

တစ်ခါတစ်ရံမှာ အကြောင်းအရင်းရှာမတွေ့တာလည်း ရှိတတ်ပါသေးတယ်။ 

ယားတာသက်သာအောင် ဘာတွေလုပ်လို့ရလဲ❓

✔ အလွန်အမင်းကုတ်တာ၊ ပွတ်တာမျိုးကိုရှောင်ကြဥ်ရပါမယ်

✔ စသတိထားမိတာနဲ့ ရေအေးဝတ်လေးကပ်ပေးရပါမယ်

✔ ဖြစ်စေတတ်တဲ့ အကြောင်းအရင်းတွေကို ရှောင်ရပါမယ်

✔ လိုအပ်ရင် ဆရာဝန်ညွန်ကြားထားတဲ့ ယားယံတာ သက်သာစေမယ့် ဆေးသောက်ခြင်းအစရှိတာတွေကို လုပ်နိုင်ပါတယ်။

ဘယ်အချိန်မှာ အရေပြားဆရာဝန်နဲ့ ပြဖို့လိုလာပြီလဲ👨‍⚕️

အရမ်းယားတဲ့ အနီအကွက်တွေ မကြာခဏဖြစ်တာ၊ သေချာကုသနေပေမယ့် ရောဂါလက္ခဏာရော အကွက်တွေရောမသက်သာတာ၊ ယားလွန်းလို့ နေ့ဘက်တွေ ပုံပျက်ပန်းပျက်ဖြစ်ရုံမက ညဘက်ပါအိပ်ပျက်လာတာ၊ အသားအရေပျက်ဆီးပြီး ပိုဆိုးလာရင်တော့ ပေါ့ပေါ့ဆဆ မနေသင့်တော့ပါဘူး။

အရေးကြီးဆုံးကတော့ နှုတ်ခမ်း၊ လျှာနဲ့ လည်ပင်းတွေပါ ရောင်လာပြီး အသက်ရှုရ၊ အစာမျိုရခက်ခဲလာတာ၊ မူးလာတာတွေပါ ရှိလာရင်တော့ နီးစပ်ရာ ဆေးရုံကို ချက်ချင်းသွားရောက်ကုသဖို့ လိုနေပါပြီ 🚨

အင်ပြင်ထွက်တိုင်း ဓါတ်မတည့်တာတော့ မဟုတ်ပါဘူး။ ပုံစံတူနေရင်တောင် ကုသမှုကွာနိုင်ပါတယ်။ ဒါကြောင့် မှန်ကန်တဲ့ ရောဂါအမည်သတ်မှတ်မှု၊ တိကျမှန်ကန်တဲ့ ကုသမှုတွေရရှိအောင် အရေပြားဆရာဝန်(𝐃𝐞𝐫𝐦𝐚𝐭𝐨𝐥𝐨𝐠𝐢𝐬𝐭𝐬) နဲ့ သေချာတိုင်ပင်ဆွေးနွေးစေလိုပါတယ််။

𝐃𝐞𝐫𝐦𝐚𝐭𝐨𝐥𝐨𝐠𝐢𝐬𝐭𝐬 များနှင့်ဆွေးနွေးတိုင်ပင်ရန် https://mymedicine.com.mm/r/NovFBDermato ဒီ Link ကို နှိပ်၍ ရက်ချိန်း ရယူနိုင်ပါသည်။

မိုးတွင်း နဲ့ မှိုရောဂါ