Skip to Content

Sepsis က လွယ်လွယ်ကူးနိုင်လား?

Invest in Sepsis – Save Lives
2026- စက်တင်ဘာ 13 by
Sepsis က လွယ်လွယ်ကူးနိုင်လား?
Shoon (My-Medicine)

Sepsis က လွယ်လွယ်ကူးနိုင်လား?

Sepsis ( ပိုးဆိပ်တက်ခြင်း) ဆိုတာဟာ ကိုယ်ခန္ဓာအတွင်းကို ရောဂါပိုးတစ်ခုခု ( ဥပမာ- ဗက်တီးရီးယား၊ ဗိုင်းရပ်စ်၊ မှိုပိုးနဲ့ ကပ်ပါးပိုးမွှားလေးတွေ ) ဝင်ရောက်တာကို ခုခံအားသွေးဖြူဥလေးတွေက ပြန်လည်တုန့်ပြန်ပေးတဲ့ ဖြစ်စဉ်ကိုခေါ်ပါတယ်။ ဗက်တီးရီးယားပိုးကြောင့်တော့ အဖြစ်များပါတယ်။ ဆေးရုံတက်ရတဲ့ လူနာတွေထဲက လူကြီး ၅ယောက်မှာ တစ်ယောက်နဲ့ ကလေး ၁၀ယောက်မှာ တစ်ယောက်ဟာ sepsis ကြောင့် သေဆုံးနေရပါတယ်။

 အသက်ရှူလမ်းကြောင်း၊ ဆီးလမ်းကြောင်း၊ အစာအိမ်အူလမ်းကြောင်းနဲ့ အရေပြားပိုးဝင်တာဟာ အဖြစ်များတဲ့ ပိုးဝင်ရခြင်းဖြစ်ပါတယ်။ အသက်အရွယ်ကြီးသူတွေ၊ ကလေးငယ်တွေ၊ ဆေးရုံတက်နေတဲ့ လူနာတွေ၊ နာတာရှည်ရောဂါသည်တွေ (နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ နာတာရှည်လေပြွန်ရောင်ရောဂါ ) နဲ့ ကိုယ်ခံအားနည်းတဲ့ ရောဂါအခံ (ဆီးချိုသွေးချိုရောဂါ၊ HIV ပိုးရှိသူ၊ အရေပြားလေးဖက်နာရောဂါ ) ရှိသူတွေမှာ အဖြစ်များပါတယ်။

 ပိုးအဝင်ခံရတဲ့ နေရာတစ်ခုချင်းစီအတွက် သီးခြားရောဂါ လက္ခဏာတွေရှိသော်လည်း 

😷 ဖျားတာ၊ 

🥵 ချွေးစေးထွက်တာ၊ 

🥶 ချမ်းစိမ့်စိမ့်ဖြစ်တာ၊ 

😩နာကျင်ကိုက်ခဲနေတာ၊ 

😖 ကိုယ်လက်မအီမသာဖြစ်တာ၊ 

😓 မောပန်းနွမ်းနယ်တာတွေ စတဲ့အခြေခံလက္ခဏာလေးတွေ ခံစားရနိုင်ပါတယ်။ ပိုးဝင်တာကနေပြင်းထန်ရင် ပိုးဆိပ်တက်ပြီး နှလုံးခုန်နှုန်းတွေအရမ်းမြန်လာတာ၊ သွေးပေါင်ကျတာ၊ ဆီးနည်းသွားတာတွေအထိပါ ဖြစ်သွားရင်တော့ အသက်အန္တရာယ် ရှိလာနိုင်ပါတယ်။

 Sepsis က လွယ်လွယ်ကူးနိုင်လားဆိုရင် sepsis ဆိုတဲ့ ပိုးဆိပ်တက်နေတဲ့ အခြေအနေက ကူးစက်နိုင်တာ မဟုတ်ပါဘူး။ သူ့ကို ဖြစ်စေတဲ့ ပိုးကသာ ကူးစက်စေတာပါ။ ဥပမာ- ဝမ်းရောဂါလူနာတစ်ယောက်ဟာ ပိုးဆိပ်တက်နေရင် ပိုးဆိပ်တက်တာကနေ မကူးနိုင်နေပေမယ့် သူ့ကို ဖြစ်စေတဲ့ ဝမ်းရောဂါပိုးကတော့  လူနာစွန့်ထုတ်လိုက်တဲ့ ဝမ်းထဲမှာ ပါလာပြီး တခြားတစ်ယောက်ကို ကူးစက်နိုင်ပါတယ်။

 တီဘီရောဂါလူနာဟာ ပိုးဆိပ်တက်နေတယ် ဆိုရင်လည်း  တီဘီဆေးအနည်းဆုံး ၂ပတ်ကျော် သောက်ထားပြီးသားဆိုရင် လူနာခံစားနေရတဲ့ ပိုးဆိပ်တက်တာကရော၊ တီဘီပိုးကပါ အခြားတစ်ယောက်ကို မကူးစက်နိုင်ပါဘူးနော်။ ပိုးဆိပ်တက်တာဟာ လွယ်လွယ်မကူးနိုင်ပေမယ့် ခံစားနေရတဲ့ရောဂါသည်အတွက် အလွန်အရေးကြီးတာမို့ အဖျားတာရှည်နေရင် ဆေးမြီးတိုနဲ့ ကုသမနေပဲ ဆရာဝန်နဲ့ ချက်ချင်းတိုင်ပင်ပြီး စနစ်တကျ ကုသမှုခံယူရပါမယ်။


ဆေးခန်းပြရန် Link: https://mymedicine.com.mm/r/SepWebPhys 

Otomycosis
နားမှိုစွဲခြင်းနှင့် သတိထားရမယ့်အချက်မျာ: