ပန်းသေပန်းညှိုးဖြစ်တာကို ကြိုတင်ကာကွယ်နိုင်လား

ပန်းသေပန်းညှိုးရောဂါဆိုတာ အမျိုးသားတွေ အိပ်ရာထက်ကကိစ္စတွေမှာ စွမ်းဆောင်နိုင်ခြင်းမရှိတာ၊စိတ်မပါတာ၊နေ့စဉ်ရက်ဆက် ကာမဆန္ဒပြီးမြောက်ခြင်း မရှိဘဲ စိတ်ဓာတ်ကျနေတာကို ဆိုလိုခြင်းဖြစ်ပါတယ်။ဒါပေမယ့် အမျိုးသမီးတွေမှာဖြစ်တဲ့သွေးဆုံးတာမျိုးလိုတော့ ပန်းသေပန်းညှိုးရောဂါဟာ အမျိုးသားတိုင်းမှာ ဖြစ်လေ့မရှိပါဘူး။

ဒီရောဂါ က အဓိကအားဖြင့် နှလုံးရောဂါရှိခြင်း၊သွေးတွင်းအဆီဓာတ်များခြင်း၊ဆီးချိုရောဂါရှိခြင်း၊ဆေးလိပ်၊အရက်နဲ့ဆေးရွက်ကြီးများ သုံးစွဲနေခြင်း၊သွေးကျဆေး၊အယားပျောက်ဆေး၊စိတ်ကျရောဂါအတွက်သောက်ရတဲ့ဆေးများ၊ကင်ဆာရော ဂါအတွက်သောက်ရသောဆေးများစွဲသောက်နေရခြင်းတို့အပြင် ဆီးကျိတ်ကင်ဆာရှိခြင်း၊အဝလွန်ခြင်းနဲ့ အမျိုးသားလိင်အင်္ဂါကိုထောက်ပံ့ပေးနေတဲ့ အာရုံကြောနဲ့သွေးကြောတွေမှာ ထိခိုက်ဒဏ်ရာရထားခြင်းတို့က ပန်းသေပန်းညှိုးရောဂါကို မြန်မြန်ပိုဖြစ်စေတတ်ပါတယ်။

အမျိုးသားတိုင်းဟာ အသက် ၄၀ ကျော်လာတာနဲ့အမျှ အိပ်ရာထက်ကကိစ္စတွေမှာ စွမ်းဆောင်ရည် တဖြည်းဖြည်းလျော့နည်းလာကြတာ သဘာဝဖြစ်ပါတယ်။တကယ်လို့ စိတ်ဖိစီးမှုများနေမယ်၊ဆေးလိပ်အရက်သောက်တာများမယ်ဆို အခြေအနေပိုဆိုးလာပြီး ပန်းသေပန်းညှိုးရောဂါအထိဖြစ်နိုင်ပါတယ်။အိပ်ရာထက်ကကိစ္စတွေတင်သာမကပဲ စိတ်ကျရောဂါဖြစ်ခြင်း၊မိမိကိုယ်ကို ယုံကြည်မှုလျော့နည်းလာခြင်းနဲ့ အတူနေ့စဉ်လုပ်ငန်းဆောင်တာများကိုပါ မလုပ်နိုင်တဲ့အထိ ဖြစ်သွားတတ်ပါတယ်။ဒါပေမယ့် ဒီလိုမျိုး မဖြစ်အောင်တော့ အမျိုးသားထုကြီးအနေနဲ့ ကြိုတင်ကာကွယ်လို့ရတဲ့နည်းလမ်းတွေရှိပါတယ်။

စိတ်ဖိစီးမှုမဖြစ်အောင် တရားထိုင်ခြင်း၊journaling လုပ်ခြင်း၊ရေနွေးနွေးလေးနဲ့ချိုးခြင်း၊သူငယ်ချင်းများ၊မိသားစုများနဲ့အတူ ပျော်ရွှင်ဖွယ်ရာအချိန်များဖန်တီးခြင်းတို့ကို ပြုလုပ်သင့်ပါတယ်။ကိုယ်ခန္ဓာကို သွေးလှည့်ပတ်မှုကောင်းအောင်လှုပ်လှုပ်ရှားရှားနေပေးရပါမယ်။လေ့ကျင့်ခန်းပြင်းပြင်းထန်ထန်မလုပ်နိုင်ရင်တောင် အနည်းဆုံး တနေ့ကို မိနစ် ၃၀ လောက် လမ်းလျှောက်ခြင်းလောက်တော့ ပြုလုပ်ပေးသင့်ပါတယ်။ဆီးချို၊သွေးတိုးနဲ့ အဝလွန်ခြင်းက ပန်းသေပန်းညှိုးရောဂါမြန်မြန်ဖြစ်စေနိုင်လို့ ကိုယ်ခန္ဓာအလေးချိန်ကို သမမျှတအောင်ထားရှိပြီး အဆီများတဲ့အစားအစာ၊ဆေးလိပ်၊အရက်၊ကွမ်းနဲ့ ပါတီတွေမှာသုံးတဲ့စိတ်ကြွဆေးတွေကို လုံးဝရှောင်ကြဉ်ရပါမယ်။ဒါဆိုရင်တော့ အမျိုးသားတွေကြောက်ရတဲ့ ပန်းသေပန်းညှိုးရောဂါမဖြစ်အောင် သေသေချာချာလေးကြိုတင်ကာကွယ်ထားလို့ရပါပြီ။

ဆောင်းပါးလေးကို အဆုံးထိဖတ်ရှုပေးလို့ကျေးဇူးတင်ပါတယ်။


ကျားဟော်မုန်းထိုးဆေးများအကြောင်း သိကောင်းစရာ