Losartan Potassium Wecare 25 mg သည် သွေးတိုးရောဂါကို ထိန်းချုပ်ကုသရန် ဆရာဝန်ညွှန်ကြားချက်ဖြင့် သောက်သုံးရသော Angiotensin II Receptor Blocker (ARB) အမျိုးအစား သွေးကျဆေးဖြစ်ပါသည်။
ဆရာဝန် ညွှန်ကြားချက်အတိုင်း တိကျစွာ သောက်သုံးရမည်။ပုံမှန်အားဖြင့် တစ်နေ့လျှင် (၁) ကြိမ်၊ မိမိအဆင်ပြေမည့် အချိန် (ဥပမာ - မနက်ပိုင်း သို့မဟုတ် ညအိပ်ရာဝင်) ကို သတ်မှတ်၍ အချိန်မှန်မှန် သောက်သုံးရပါမည်။