Selling Unit 1 Bot
Made in Thailand
Key Ingredients : Chinese Milk Vetch Extract, Glycerin, Moisture Lock Formula, Plant-Based Cleansing Agents (Myristic Acid, Lauric Acid, Palmitic Acid)
၉၉% သဘာဝအပင်မှရရှိသော ဆပ်ပြာအခြေခံ (99% Plant-Derived Cleansing Ingredients) ဖြင့် ဖော်စပ်ထားသောကြောင့် အသားအရေကို မထိခိုက်စေဘဲ ညင်သာစွာ သန့်စင်ပေးပါတယ်။ စွဲမက်ဖွယ်ကောင်းသော ပန်းရနံ့သင်းသင်းလေး ပါဝင်ပြီး၊ ရေချိုးပြီးနောက် နွားနို့နှင့် ရေချိုးထားသကဲ့သို့ အသားအရေကို နူးညံ့ချောမွေ့ကာ ဝင်းပလာစေပါတယ်။ ထို့ပြင် ဆပ်ပြာမြှုပ်နုနုအိအိလေးများက အသားအရေကို နက်ရှိုင်းစွာ အစိုဓာတ်ဖြည့်ပေးသည့်အပြင် ရေဆေးချရလွယ်ကူပြီး စေးကပ်မှုကို လုံးဝမကျန်ရှိစေပါဘူး။
အသားအရေကို နက်ရှိုင်းစွာ အစိုဓာတ်ဖြည့်တင်းပေးပြီး ပရိုတင်းနှင့် အာဟာရဓာတ်များကို ဖြည့်ဆည်းပေးခြင်းဖြင့် အသားအရေ ခြောက်သွေ့ခြင်းမှ ကာကွယ်ပေးကာ နူးညံ့အိစက်စေသည်။
ရေချိုးပြီးနောက် အသားအရေတွင် ရှိသင့်ရှိထိုက်သော အစိုဓာတ်ကို ကြာရှည်စွာ ထိန်းသိမ်းပေးသည်။
ဆပ်ပြာရည်၏ ထူးခြားသော နည်းပညာဖြစ်ပြီး အရေပြားကို နီမြန်းယားယံခြင်းမှ ကာကွယ်ပေးကာ အစိုဓာတ်ကို အပြည့်အဝ ပိတ်လှောင်ထိန်းသိမ်းပေးသည်။
ဓာတုပစ္စည်းများအစား သဘာဝအပင်များမှ ထုတ်ယူထားသော အသားအရေ သန့်စင်ပစ္စည်းများ ဖြစ်ကြသည်။
ဆပ်ပြာရည်ကို ရေအနည်းငယ်ဖြင့် ရောစပ်ပြီး နုညံ့သော ဆပ်ပြာမြှုပ်များ ထွက်လာသည်အထိ ပွတ်တိုက်ပေးပါ။
(ရေချိုးဖော့နှင့် အသုံးပြုပါက ပိုမိုနုညံ့အိစက်သော ဆပ်ပြာမြှုပ်များကို အလွယ်တကူ ရရှိစေနိုင်ပါသည်။)