Selling unit 1 Bot (30ml)
Key Ingredients : Retinol, Cica (Centella Asiatica Extract)
အရေးအကြောင်းများကို လျော့ပါးစေပြီး ချွေးပေါက်ကျဉ်းကာ အသားအရေကို နုပျိုဝင်းမွတ်စေမည့် Anti-Aging & Pore Refining Ampoule။
Klarity Cica Retinol Ampoule သည် အိုမင်းရင့်ရော်မှုကို တိုက်ဖျက်ပေးသည့် Retinol နှင့် အသားအရေကို ချော့မွေ့သက်သာစေသော Cica (Centella Asiatica) တို့ ပေါင်းစပ်ပါဝင်သည့် အဆင့်မြင့် Ampoule ဖြစ်ပါသည်။ အသားအရေ စပ်ဖျဉ်းခြင်းနှင့် ယားယံခြင်း နည်းပါးစေရန် Cica ဖြင့် ထိန်းညှိပေးထားပြီး အရေပြားဆဲလ်အသစ် ဖြစ်ပေါ်မှုကို အားပေးပါသည်။ လိမ်းပြီးနောက် အဆီပြန်ခြင်း လုံးဝမရှိဘဲ ချွေးပေါက်ကျယ်ခြင်း၊ မျက်လုံးတစ်ဝိုက်နှင့် မျက်နှာပေါ်ရှိ အရေးအကြောင်းများ၊ ဝက်ခြံအမာရွတ်နှင့် အမဲစက်များကို သက်သာစေကာ နုပျိုဝင်းမွတ်သော အသားအရေကို ပိုင်ဆိုင်စေပါသည်
သတိပြုရန်- ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက်မိခင်များ၊ အလွန်အမင်း ထိခိုက်လွယ်သော အသားအရေ (Extremely Sensitive Skin) ရှိသူများနှင့် အသက် ၂၀ အောက် လူငယ်များ အသုံးမပြုသင့်ပါ။ Retinol အသုံးပြုနေစဉ် ကာလအတွင်း မနက်ပိုင်းတွင် နေရောင်ကာခရင်မ် (Sunscreen) ကို မဖြစ်မနေ လိမ်းပေးရပါမည်။