Selling Unit 1 Tube (100g)
Made in Thailand
Key Ingredients : Potassium Nitrate (KNO₃), Sodium Fluoride, 14 Natural Botanical Extracts(Eucalyptus, Clove, Sage, Chamomile and Cinnamon), Xylitol & Vitamin C
Dentiste Sensitive သွားတိုက်ဆေးသည် သွားနှင့် သွားဖုံး ကျဉ်းမြောင်းထိခိုက်လွယ်သူများအတွက် အထူးဖော်စပ်ထားသော ဆေးဖြစ်သည်။ သွားကျဉ်ခြင်းကြောင့်ဖြစ်သော နာကျင်မှုကို လျင်မြန်စွာ သက်သာစေပြီး ညဘက်တွင် ဖြစ်ပေါ်တတ်သော ခံတွင်းဘက်တီးရီးယားများကို ထိန်းချုပ်ပေးသောကြောင့် နံနက်ခင်း နိုးထချိန်တွင် ခံတွင်းအနံ့ဆိုးထွက်ခြင်းကို ကာကွယ်ပေးသည်။ သွားပိုးစားခြင်းနှင့် သွားကျောက်တည်ခြင်းတို့ကို လျှော့ချပေးပြီး ခံတွင်းတစ်ခုလုံးကို လတ်ဆတ်သန့်ရှင်းစေပါသည်။ ထို့ပြင် SLS (Sodium Lauryl Sulfate) ဓာတုပစ္စည်း လုံးဝမပါဝင်သောကြောင့် ခံတွင်းအတွင်းပိုင်းကို မထိခိုက်စေဘဲ ညင်သာစွာ သန့်စင်ပေးနိုင်ပါသည်။
သွားအာရုံကြောများကို တည်ငြိမ်စေပြီး အေးသော၊ ပူသော သို့မဟုတ် ချဉ်သော အစားအစာများ စားသည့်အခါ သွားကျဉ်ခြင်း ဝေဒနာကို လျှော့ချပေးသည်။
သွားကြွေလွှာကို ပိုမိုခိုင်မာစေပြီး သွားပိုးစားခြင်းမှ ကာကွယ်ပေးသည်။
သဘာဝ အဆီအနှစ်များ ပါဝင်ပြီး ဘက်တီးရီးယားများကို သေစေကာ ခံတွင်းကို တစ်နေ့တာလုံး မွှေးပျံ့လတ်ဆတ်နေစေပါသည်။
တစ်နေ့လျှင် ၂ ကြိမ် (နံနက်တစ်ကြိမ် နှင့် ညအိပ်ရာမဝင်မီတစ်ကြိမ်) သို့မဟုတ် အစားအသောက်စားပြီးတိုင်း သွားတိုက်ပေးပါ။
ခံတွင်းတစ်ခုလုံး သန့်စင်သွားစေရန်နှင့် ပါဝင်ပစ္စည်းများ ထိရောက်စွာ အလုပ်လုပ်နိုင်ရန် အနည်းဆုံး ၂ မိနစ်ခန့် စနစ်တကျ သွားတိုက်ပေးပါ။
သွားကျဉ်ခြင်း သက်သာစေရန်: သွားအလွန်ကျဉ်တတ်သည့် နေရာများရှိပါက သွားတိုက်ဆေးကို လက်ချောင်းဖြင့် ညင်သာစွာ ခပ်ဖွဖွလေး ပွတ်လိမ်းပေးပြီးမှ သွားတိုက်နိုင်ပါသည်။