အာဟာရဆရာဝန်၏ စနစ်တကျတွက်ချက်မှုဖြင့် မြန်မာနိုင်ငံတွင် ထုတ်လုပ်ထားပြီး ဆီးချိုဝေဒနာရှင်များနှင့် Diet သမားများအတွက် အထူးသင့်လျော်သော Sugar-free (သကြားမပါ) အခွံမာသီးဖြင့် ပြုလုပ်ထားသောကွတ်ကီး ဖြစ်သည်။
ပါဝင်ပစ္စည်းနှင့် ကယ်လိုရီကို အတိအကျတွက်ချက်ထုတ်လုပ်ထားခြင်း။ သကြားလုံးဝမပါဝင်ဘဲ ခန္ဓာကိုယ်အတွက်ကောင်းမွန်သော အခွံမာသီး (Nuts) များစွာပါဝင်သဖြင့် ပိုမိုဆိမ့်မွှေးပြီး အာဟာရပြည့်ဝစေပါသည်။
အခွံမာသီးများ (Nuts)၊ အုတ်ဂျုံ၊ နို့နှင့် နို့ထွက်ပစ္စည်းများ ပါဝင်သောကြောင့် ၎င်းတို့နှင့် ဓာတ်မတည့်သူများ စားသုံးရန်မသင့်တော်ပါ။
ရေခဲသေတ္တာထဲတွင် လုံးဝမသိမ်းဆည်းရပါ။