Apocrine နို့ရည်ထုတ်စနစ်
မိခင်တွေရဲ့ နို့ရည်ထုတ်စနစ်နဲ့တူတဲ့ Apocrine နို့ရည်ထုတ်စနစ်ကနေ ရရှိလာတဲ့ DG ဆိတ်နို့မှာ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးတဲ့ Nucleotides၊ အမြင်အာရုံဖွံ့ဖြိုးမှုနဲ့ ဥာဏ်ရည်ထက်မြက်စေတဲ့ Taurine၊ ဝမ်းဗိုက်လေးသက်တောင့်သက်သာရှိပြီး ဝမ်းပျော့ပျော့သွားစေတဲ့ Polyamines နဲ့ အလုံးစုံကြီးထွားဖွံ့ဖြိုးမှုအတွက် Growth Factors စသော သဘာဝအာဟာရဓာတ်များ ကြွယ်ဝစွာပါဝင်ပါတယ်။ DG ဆိတ်နို့က ကလေးတွေရဲ့ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်တာကြောင့် အလွယ်တကူ ဖျားနာခြင်းမှ ကင်းဝေးစေပါတယ်။
(Protein)အသားဓာတ်နဲ့ (Fat)အဆီဓာတ်
ဆိတ်နို့မှာပါဝင်တဲ့ ပရိုတင်းနဲ့အဆီက နွားနို့ မှာပါဝင်တဲ့ ပရိုတင်းနဲ့ အဆီထက် သေးငယ်ပြီး နူးညံ့တဲ့အတွက် အစာချေဖျက်ရာမှာ ပိုမိုလွယ်ကူတာမို့ ကလေးငယ်များရဲ့ အစာချေစနစ်ကို ကောင်းမွန်စေတယ်၊ ဝမ်းဗိုက်ကို သက်တောင့်သက်သာဖြစ်စေပြီး ဝမ်းပျော့ပျော့သွားစေပါတယ်။ အစာချေဖျက်ရာမှာ ပိုလွယ်ကူတာကြောင့် ဦးနှောက်နဲ့ခန္ဓာကိုယ် ဖွံ့ဖြိုးကြီးထွားဖို့ လိုအပ်တဲ့ အာဟာရဓာတ်များကို အလွယ်တကူ ချေဖျက်စုပ်ယူနိုင်ပါတယ်။
Allergy ဖြစ်ပွားမှုနည်းခြင်း
ဆိတ်နို့မှာ နွားနို့ထက် ဓာတ်မတည့်ခြင်းဖြစ်စေနိုင်တဲ့ ပရိုတင်းတစ်မျိုးဖြစ်တဲ့ αs1-casein (၈)ဆလောက် နည်းပါးစွာ ပါဝင်ပါတယ်။ နွားနိ့နဲ့ ဓာတ်မတည့်တဲ့အခါ အဖုအပိန့်အနီကွက်တွေထခြင်း၊ အရေပြားယားယံခြင်း၊ ဝမ်းချုပ်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်း၊ ချောင်းဆိုးခြင်း၊ အော့အန်ခြင်းစတဲ့ လက္ခဏာများ တွေ့ရှိရတတ်ပါတယ်။ ဒါကြောင့်မို့ ဆိတ်နို့က နွားနို့ထက် ဓာတ်မတည့်ခြင်းဖြစ်ပွားမှု အတော်လေးနည်းပါတယ်။