၁။ စက်ပိတ်ထားစဉ် Strip (စစ်ဆေးသည့်ပြား) ကို စက်၏ထိပ်ရှိ အပေါက်ထဲသို့ အဆုံးထိထည့်ပါ။
၂။ သွေးဖောက်မည့် လက်ထိပ်ကို အရက်ပြန်ဖြင့် သန့်စင်ပြီး ခြောက်သွေ့အောင် ထားပါ။ ထို့နောက် သွေးဖောက်တံဖြင့် လက်ထိပ်ကို အသာအယာဖောက်ပါ။
၃။ ထွက်လာသော သွေးစက်ကို စက်ထဲရှိ Strip ထိပ်နှင့် ထိပေးပါ။ သွေးစက်များ Strip အတွင်းသို့ သေချာစွာ ဝင်ရောက်သွားပါစေ။
၄။ သွေးအပြည့်ဝင်သွားသည်နှင့် Screen ပေါ်တွင် '05' ဟု ပေါ်လာမည်ဖြစ်ပြီး (၅) စက္ကန့်အတွင်း သင့်သွေးတွင်းသကြားဓာတ်အဖြေကို ပြသပေးမည်ဖြစ်ပါသည်။