၁။ သွားတိုက်ပြီးနောက် ပလုတ်ကျင်းရည် ဗူးအဖုံးတစ်ဖုံးစာခန့်ဖြင့် ခံတွင်းထဲတွင် ၁ မိနစ်ခန့် ပလုတ်ကျင်းပေးပါ။
၂။ ထို့နောက် နောက်ထပ် ဗူးအဖုံးတစ်ဖုံးစာဖြင့် လည်ချောင်းထဲအထိ ရောက်အောင် စက္ကန့် ၃၀ ခန့် အာလုပ်ကျင်း (Gargle) ပေးပါ (လည်ချောင်းသည် ခံတွင်းနံဖြစ်စေသော အဓိကအရင်းအမြစ် ဖြစ်ပါသည်)။
၃။ ပလုတ်ကျင်းပြီးနောက် အစာစားခြင်း သို့မဟုတ် ရေသောက်ခြင်းကို ၅ မိနစ်ခန့် အောင့်ထားပေးပါ။ မနက်တစ်ကြိမ်၊ ညတစ်ကြိမ် အသုံးပြုနိုင်ပါသည်။