အသုံးပြုပုံ
သန့်စင်သော (ကျိုချက်ပြီး) ရေအေး ၁ လီတာကို ရေခရားအတွင်းသို့လောင်းထည့်ပါ ။
ထိုရေထဲသို့ ဓါတ်ဆားထုပ် တစ်ထုပ်လုံးကိုဖောက်ထည့်ပါ ။
အမှုန့်များလုံး၀ ပျော်ဝင်သွားသည်အထိ သမအောင်မွှေပါ ။
ဓါတ်ဆားဖျော်ရည်ကို ကလေးဝမ်းသွားပြီးတိုင်းတိုက်ပါ ။
ဝမ်းပျက်နေစဉ်မိခင်နို့ကို ဆက်လက်တိုက်ကျွေးပါ ။
ဝမ်းပျက်နေစဉ် အစာနှင့်ရေကို ပို၍ တိုက်ကျွေးပါ ။
ဖျော်ထားသော ဓါတ်ဆားရည်ကို ၂၄ နာရီအတွင်းအသုံးပြုပါ ။