Selling Unit 1 Sachet
Made in Taiwan
Active Ingredient: Acetylcysteine 200mg
အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများကြောင့် ဖြစ်ပွားသော ချွဲကျပ်ခြင်းကို သက်သာပျောက်ကင်းစေရန် အထူးထုတ်လုပ်ထားသည့် ဆေးဝါးတစ်မျိုး ဖြစ်သည်။
အဆုတ်နှင့် အသက်ရှူလမ်းကြောင်းအတွင်း ပျစ်ခဲနေသော ချွဲများကို ပျော်စေပြီး ချွဲထွက်ရလွယ်ကူစေခြင်း
စူးရှပြင်းထန်သော သို့မဟုတ် နာတာရှည် အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်းကြောင့် ဖြစ်သော ချွဲကျပ်ချောင်းဆိုးရောဂါများကို သက်သာစေခြင်း
ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်ပြီး ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိ (Antioxidant) လည်း ပါဝင်ခြင်း
အသက် ၂ နှစ်အောက် ကလေးငယ်များ သောက်သုံးရန်မသင့်တော်ပါ။
ပိုးသတ်ဆေး (Antibiotics) အချို့နှင့် တွဲသောက်ပါက ဆေးအာနိသင်လျော့ကျနိုင်သဖြင့် ပိုးသတ်ဆေးနှင့် ဤဆေးကို (၂) နာရီခန့် ခြားပြီးမှ သောက်သုံးရပါမည်။
ဆီးချိုရောဂါရှိသူများနှင့် အစာအိမ်အနာ (Peptic Ulcer) ရှိသူများ ဆရာဝန်နှင့် တိုင်ပင်ပြီးမှသာ သောက်သုံးသင့်ပါသည်။
လူကြီးနှင့် အသက် ၆ နှစ်အထက်ကလေးများ: တစ်ကြိမ်လျှင် ၁ ထုပ်၊ တစ်နေ့ ၂ ကြိမ်မှ ၃ ကြိမ်အထိ (ဆရာဝန်ညွှန်ကြားချက်အတိုင်း) သောက်သုံးနိုင်ပါသည်။