ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက်မိခင်များနှင့် ဆရာဝန်ညွှန်ကြားချက်ဖြင့် အခြားဆေးဝါးများ သောက်သုံးနေသူများသည် ဤဆေးကို မသောက်သုံးမီ ဆရာဝန်နှင့် အရင်တိုင်ပင်ဆွေးနွေးသင့်ပါသည်။
ဆေးသောက်ပြီးနောက် ခန္ဓာကိုယ်ယားယံခြင်း၊ မူးဝေအော့အန်ခြင်း၊ ခေါင်းမူးခေါင်းကိုက်ခြင်း စသည့် ဓာတ်မတည့်သည့် လက္ခဏာများ ဖြစ်ပေါ်လာပါက နီးစပ်ရာဆရာဝန်နှင့် ချက်ချင်းပြသပါ။
အခန်းအပူချိန် 30°C အောက် ခြောက်သွေ့သောနေရာတွင် သိမ်းဆည်းပါ။ နေရောင်ခြည်နှင့် တိုက်ရိုက်မထိတွေ့စေရန် သတိပြုပါ။