ယေဘုယျအားဖြင့် APT-Ceejuicy Effervescent Tablet 1000mg အား အကြံပြုထားသည့်နေ့စဉ်ဆေးပမာဏအတွင်း သောက်သုံးပါက ဘေးဥပါဒ်မရှိပါ။
Vitamin C အား နေ့စဉ်သောက်သုံးရမည့်ပမာဏထက် ကျော်လွန်၍ သောက်သုံးပါက အားနည်းခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အပျော့စား ဗိုက်အောင့်ခြင်းများ ဖြစ်စေနိုင်ပါသည်။ အခြားနည်းငယ်သော ဘေးထွက်ဆိုးကျိုးများအနေဖြင့် ပျို့ခြင်း၊ အော့အန်ခြင်း၊ ဝမ်းလျှောခြင်းများ ဖြစ်စေနိုင်ပါသည်။ ထိုလက္ခဏာများခံစားရပါက ဆရာဝန်နှင့် ချက်ချင်းပြသပါ။