Selling Unit 1 Bot
Made in Myanmar
Key Ingredients: Lingzhi Extract, Methyl Salicylate, Menthol & Camphor, Peppermint Oil, Eucalyptus Oil, Cinnamon Oil, Clove Oil, Paraffin/Petroleum Jelly Base
သည် မြန်မာနိုင်ငံတွင် အိမ်တိုင်းလိုလို ဆောင်ထားတတ်ကြပြီး ပြည်ပနိုင်ငံများအထိပါ လူကြိုက်များကျော်ကြားလှသည့် သဘာဝဆေးဘက်ဝင် တိုင်းရင်းပရုတ်ဆီ (ဒဏ်ကြေလိမ်းဆေး) ဖြစ်ပါသည်။ လင်ဇီးမှိုအဆီအနှစ်နှင့် အခြားဆေးဘက်ဝင်အဆီများကို အချိုးကျပေါင်းစပ်ထုတ်လုပ်ထားပြီး ကိုက်ခဲနာကျင်မှုများကို လျင်မြန်စွာ သက်သာစေပါသည်
ဇက်ကြောတက်ခြင်း၊ ကြွက်သားနာကျင်ကိုက်ခဲခြင်း၊ အကြောညှပ်ခြင်း၊ ခါးနာခြင်းနှင့် ဒူး/အဆစ်အမြစ်များ ကိုက်ခဲခြင်းတို့အတွက် လိမ်းပေးနိုင်ပါသည်။
ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်း၊ ဇဝေဇဝါဖြစ်ခြင်း၊ ကားမူးလှေမူးခြင်းနှင့် နှာစေးနှာပိတ်ခြင်းများအတွက် နားထင် သို့မဟုတ် နှာခေါင်းတွင် သုတ်လိမ်း၍ အနံ့ရှူပေးနိုင်ပါသည်။
ခြင် သို့မဟုတ် အင်းဆက်ပိုးမွှားများ ကိုက်ခဲခြင်းကြောင့် အရေပြားနီမြန်းခြင်း၊ ယားယံခြင်းနှင့် ဖူးရောင်ခြင်းများကို လျင်မြန်စွာ ပျောက်ကင်းစေပြီး ကုတ်ဖဲ့ခြင်းမဖြစ်အောင် ကာကွယ်ပေးပါသည်။
နာကျင်ကိုက်ခဲသည့် နေရာ သို့မဟုတ် လိုအပ်သော နေရာများပေါ်တွင် ဆေးအနည်းငယ်ယူ၍ အသားထဲစိမ့်ဝင်အောင် ဖွဖွလေး ပွတ်လိမ်း သို့မဟုတ် နှိပ်နယ်ပေးရပါမည်။ (ပြင်ပအရေပြားအတွက်သာ သုံးစွဲရန်ဖြစ်ပါသည်)။