Selling Unit 1 Card (10 Capsules)
အသားအရေလှပစေရန်နှင့် ခန္ဓာကိုယ်ကျန်းမာရေးအတွက် ထုတ်လုပ်ထားသော Vitamin E, Wheat Germ Oil နှင့် Omega 3 တို့ အချိုးကျပေါင်းစပ်ပါဝင်သည့် အလှအပဆိုင်ရာ ဖြည့်စွက်စာ အားဆေးတစ်မျိုး ဖြစ်ပါသည်။
အသားအရေ ကြည်လင်စိုပြေစေခြင်း: အသားအရေအတွင်းပိုင်းထိ အစိုဓာတ်ဖြည့်ပေးပြီး ဝက်ခြံ၊ ဝက်ခြံအမာရွတ်နှင့် တင်းတိတ်၊ အမည်းစက်များကို သက်သာပျောက်ကင်းစေကာ Glow Skin ကို ရရှိစေပါသည်။အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးခြင်း: Antioxidant (ဓာတ်တိုးဆန့်ကျင်ပစ္စည်း) ကြွယ်ဝစွာ ပါဝင်သဖြင့် အရွယ်မတိုင်ခင် အရေးအကြောင်းဖြစ်ခြင်းနှင့် နေလောင်ဒဏ်ကြောင့် အရေပြားပျက်စီးခြင်းတို့ကို ကာကွယ်ပေးပါသည်။ဆံပင်နှင့် ခြေသည်းလက်သည်းများကို သန်စွမ်းစေခြင်း: ဦးရေပြားကို အားဖြည့်ပေးသဖြင့် ဆံပင်ကျွတ်ခြင်းကို လျော့နည်းစေကာ ဆံကေသာကို နူးညံ့စေပြီး ကြွပ်ဆက်နေသော ခြေသည်းလက်သည်းများကို မာကျောသန်စွမ်းစေပါသည်။ကျန်းမာရေးကို အထောက်အကူပြုခြင်း: ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးခြင်း၊ မျက်စိအမြင်အာရုံ ကြည်လင်စေခြင်း၊ မှတ်ဉာဏ်ကောင်းမွန်စေခြင်းနှင့် ညဘက်တွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေရန် ကူညီပေးခြင်းတို့ လုပ်ဆောင်ပေးပါသည်။
EV-O3 တွင် အဆီဓာတ်များ ပါဝင်သောကြောင့် အဆီတွင် ပျော်ဝင်လွယ်သည့် ဗီတာမင်အမျိုးအစား ဖြစ်ပါသည်။ ထို့ကြောင့် ပိုမိုထိရောက်စေရန် တစ်နေ့လျှင် ၁ လုံးကို အဓိကအစာ (မနက်စာ သို့မဟုတ် နေ့လယ်စာ) စားပြီးနောက် ရေဖြင့် ချက်ချင်း သောက်သုံးသင့်ပါသည်။အသက်အရွယ်: ဆယ်ကျော်သက်အရွယ်မှစတင်၍ လူကြီးများအထိ သောက်သုံးနိုင်ပါသည်။