ဂျပန် Camellia ပန်းအစေ့အဆီနှင့် သဘာဝအပင်ထွက် ပစ္စည်းများဖြင့် အထူးဖော်စပ်ထုတ်လုပ်ထားပြီး အသားအရေကို နူးညံ့ချောမွေ့စိုပြေစေသော ရေချိုးဆပ်ပြာခရင်မ် ဖြစ်ပါသည်။
Double Moisture Lock နည်းပညာဖြင့် အသားအရေ ခြောက်သွေ့ယားယံခြင်းမှ ကာကွယ်ပေးပြီး ရေဓာတ်ကို ကြာရှည်စွာ ထိန်းသိမ်းပေးပါသည်။
Camellia Japonica ပန်းအစေ့အဆီနှင့် Antioxidant များ ကြွယ်ဝစွာ ပါဝင်သောကြောင့် အသားအရေကို တင်းရင်းနူးညံ့စေပြီး ကျန်းမာစိုပြေစေပါသည်။
နူးညံ့သင်းပျံ့သော Camellia ပန်းရနံ့ကြောင့် ရေချိုးပြီးတိုင်း စိတ်ကြည်လင်လန်းဆန်းမှုကို ခံစားရစေပါသည်။
ရေချိုးဆပ်ပြာခရင်မ် အနည်းငယ်ကို လက်ဖဝါး (သို့မဟုတ်) ရေချိုးဖော့ပေါ်သို့ ညှစ်ချပါ။ ရေအနည်းငယ် ရောစပ်ပြီး အမြှုပ်များထွက်လာသည်အထိ လက်ဖြင့် ညင်သာစွာ ပွတ်တိုက်ပေးပါ။
(မှတ်ချက် - မျက်လုံးထဲသို့ မဝင်စေရန် ဂရုပြုပါ။ အကယ်၍ မျက်လုံးထဲ ဝင်သွားပါက ရေသန့်ဖြင့် ချက်ချင်း ဆေးကြောပေးပါ။)