: သန့်ရှင်းခြောက်သွေ့သော ခွက်တစ်ခုထဲသို့ ဆီးနမူနာ (မနက်ခင်းဦးဆုံးဆီးသည် အကောင်းဆုံးဖြစ်သည်) ကို စုဆောင်းပါ။
စမ်းသပ်ကတ်/တံကို ထုတ်ပိုးမှုမှ ထုတ်ယူပြီး ဆီးထဲသို့ သတ်မှတ်ထားသော မြှားလိုင်းအတိုင်း (၁၅ မှ ၃၀) စက္ကန့်ခန့် နှစ်ပေးပါ (သို့မဟုတ်) ဆေးစက်ချကိရိယာဖြင့် ဆီး (၃) စက်ခန့် ချပေးပါ။
ညီသော မျက်နှာပြင်ပေါ်တွင် တင်ထားပြီး (၃) မိနစ်ခန့် အကြာတွင် ရလဒ်ကို ဖတ်ရှုပါ။ (၁၀ မိနစ်ကျော်သွားပါက ရလဒ်ကို မဖတ်ရပါ)
အနီရောင် (၂) လိုင်းပေါ်လျှင် (C နှင့် T နေရာ): Positive (ကိုယ်ဝန်ရှိပါသည်)။ (လိုင်းတစ်ခုမှာ အရောင်ဖျော့နေပါစေ ကိုယ်ဝန်ရှိသည်ဟု သတ်မှတ်နိုင်သည်)အနီရောင် (၁) လိုင်းသာပေါ်လျှင် (C နေရာ): Negative (ကိုယ်ဝန်မရှိပါ)။လိုင်းလုံးဝမပေါ်လျှင် သို့မဟုတ် T တွင်သာ ပေါ်လျှင်: Invalid (စစ်ဆေးမှု မအောင်မြင်ပါ)။ အသစ်တစ်ခုဖြင့် ပြန်လည်စစ်ဆေးပါ။