နှာချေချောင်းဆိုးခြင်းမှ ထွက်လာသော အစက်အမှုန်များနှင့် လေထုထဲရှိ ဖုန်မှုန့်၊ ပိုးမွှားများကို အထိရောက်ဆုံး ကာကွယ်ပေးနိုင်ရန် အထူးဒီဇိုင်းထုတ်ထားပါသည်။
အဆင့်မြင့် အလွှာ (၃) လွှာ ကာကွယ်ရေးစနစ် (3-Layer Filtration) ပါဝင်တာကြောင့် ရောဂါပိုးမွှားများကို ကောင်းမွန်စွာ သန့်စင်ဖြတ်တောက်ပေးနိုင်ပြီး အသက်ရှူရကျပ်ခြင်း လုံးဝမရှိစေဘဲ သက်တောင့်သက်သာ ရှိစေမှာ ဖြစ်ပါတယ်။
Mask ကို မကိုင်တွယ်မီ လက်ကို ဆပ်ပြာ (သို့) Hand Sanitizer ဖြင့် စင်ကြယ်အောင် ဆေးပါ။
ချွတ်ပြီး စွန့်ပစ်ရန်: Mask ၏ အရှေ့ဘက်မျက်နှာပြင်ကို လက်ဖြင့် မကိုင်ဘဲ နားသိုင်းကြိုးမှ ကိုင်၍ ချွတ်ပြီး အဖုံးပါသော အမှိုက်ပုံးထဲသို့ ချက်ချင်း စနစ်တကျ စွန့်ပစ်ပါ။