Selling Unit 1 Card
Active Ingredients :Sitagliptin 50mg , Melformin HCI 500 mg
သွေးချိုဆီးချိုရောဂါ ခံစားနေရသော လူကြီးများတွင် သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ရန်အတွက် ထုတ်လုပ်ထားသော ဆေးဝါးဖြစ်ပါသည်
ဤဆေးတွင် သွေးချိုကျဆေး နှစ်မျိုး ပေါင်းစပ်ပါဝင်ပါသည်. Sitagliptin က အစားစားပြီးချိန်တွင် မုန့်ချိုအိတ်မှ အင်ဆူလင်ဓာတ် ထွက်ရှိအောင် လှုံ့ဆော်ပေးပြီး၊ Metformin က အသည်းမှ သကြားဓာတ် ထုတ်လုပ်မှုကို လျှော့ချပေးကာ ခန္ဓာကိုယ်၏ အင်ဆူလင်အသုံးပြုနိုင်စွမ်းကို မြှင့်တင်ပေးပါသည်. ဆေးနှစ်မျိုး ပေါင်းစပ်ထားခြင်းကြောင့် ဆေးလုံးရေ အများကြီးသောက်ရန်မလိုဘဲ အစားစားပြီးနောက် သွေးချိုတက်လာခြင်းကို ကာကွယ်ပေးနိုင်ပါသည်.
ဤဆေးသည် ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ သောက်သုံးရမည့် Prescription ဆေးအမျိုးအစား ဖြစ်ပါသည်