ဤဆေးသည် ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ သောက်သုံးရမည့် ဆေးဝါး (Prescription-only medicine) ဖြစ်ပါသည်။ပုံမှန်အားဖြင့် တစ်နေ့လျှင် ၁ လုံး ဆရာဝန်ညွှန်ကြားသည့် အချိန် (အများအားဖြင့် ညအိပ်ခါနီး) တွင် သောက်သုံးရပါသည်။ဆေးသောက်နေစဉ်အတွင်း အဆီများသော အစားအစာများကို ရှောင်ကြဉ်ပြီး ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ပေးပါက ပိုမိုထိရောက်သော ရလဒ်ကို ရရှိစေပါသည်။