ဆီးချိုရောဂါကြောင့် ခြေလက်များ ထုံကျင်ကိုက်ခဲခြင်း (Diabetic Neuropathy)၊ ရေယုန်ပေါက်ပြီးနောက် အာရုံကြောကျန်ရစ်ကာ နာကျင်ခြင်း (Postherpetic Neuralgia) နှင့် ကျောရိုးပင်မအာရုံကြော ထိခိုက်မှုကြောင့် ဖြစ်သော နာကျင်မှုများကို သက်သာစေပါသည်။
ဆရာဝန်ညွှန်ကြားချက်အတိုင်းသာသောက်ရပါမည်။ဤဆေးသည် စွဲလမ်းစေတတ်သော သဘာဝ (Controlled Substance) အနည်းငယ်ရှိသဖြင့် ဆရာဝန်ညွှန်ကြားသည့် ပမာဏနှင့် ရက်စွဲအတိုင်း တိကျစွာ သောက်ရပါမည်။