အစာအိမ်နှင့် အူလမ်းကြောင်း လှုပ်ရှားမှုကို ကောင်းမွန်စေပြီး ပျို့အန်ခြင်းနှင့် လေပွခြင်း ဝေဒနာများကို သက်သာစေသော ဆေး (Prokinetic & Antiemetic) ဖြစ်ပါသည်။
ပျို့အန်ခြင်းကို သက်သာစေရန်: အကြောင်းအမျိုးမျိုးကြောင့် သို့မဟုတ် အခြားဆေးဝါးများကြောင့် ဖြစ်တတ်သော ပျို့အန်ခြင်း၊ အော့အန်ခြင်းများကို အဓိက ကုသပေးပါသည်။အစာမကျေခြင်းနှင့် လေပွခြင်း: အစာစားပြီးနောက် ဗိုက်ပြည့်အောင့်ခြင်း၊ လေပွခြင်း၊ အစာမကျေဘဲ အချဉ်ပေါက်ခြင်းနှင့် ရင်ပူခြင်း ဝေဒနာများကို သက်သာစေပါသည်။အစာအိမ်လှုပ်ရှားမှု နှေးခြင်း (Gastroparesis): အစာအိမ်လှုပ်ရှားမှု နှေးကွေးခြင်းကြောင့် အစာခြေစနစ် ပိတ်ဆို့သကဲ့သို့ ခံစားရမှုကို သက်သာစေရန် အစာအိမ်ကျုံ့ဆန့်မှုကို မြှင့်တင်ပေးပါသည်။