Selling Unit 1 Bottle
Made in Germany
Contain pH 5.5 Skin Protection, 7% Natural Lipids, Camomile & Allantoin
အရေပြားအထူးကုဆရာဝန်များ အကြံပြုထားသည့် အစိုဓာတ်ထိန်းခရမ် (moisturizer) ဖြစ်ပြီး၊ ကလေးငယ်များ၏ နုနယ်သောအရေပြားကို ရေဓာတ်ဖြည့်တင်းရန်၊ နူးညံ့စေရန်နှင့် ကာကွယ်ပေးရန်အတွက် 7% lipid complex၊ allantoin နှင့် Chamomile တို့ဖြင့် အထူးဖော်စပ်ထားပါသည်။ အသားအရေအတွက် အကောင်းဆုံးဖြစ်သော pH 5.5 ဖြင့် ထုတ်လုပ်ထားသောကြောင့် အရေပြား၏ သဘာဝအက်ဆစ်ဓာတ်အလွှာ (acid mantle) ဖွံ့ဖြိုးမှုကို အထောက်အကူပြုပြီး၊ စေးကပ်မှုမရှိဘဲ အသားထဲသို့ လျင်မြန်စွာ စိမ့်ဝင်ပျံ့နှံ့သွားစေပါသည်။
အစိုဓာတ်ကို အထိရောက်ဆုံး ထိန်းသိမ်းနိုင်ရန်အတွက် ရေချိုးပြီးနောက် ၃ မိနစ်အတွင်း အသားအရေစိုစွတ်နေဆဲအချိန်တွင် လိမ်းပေးပါ။
Diaperလဲလှယ်သန့်စင်ပြီးနောက် ပွတ်တိုက်မိ၍ အသားအရေပွန်းပဲ့ခြင်းမှ ကာကွယ်ရန် ပေါင်နှင့် ဆီးခုံ (ဗိုက်အောက်ပိုင်း) နေရာများတွင် ခရမ်ပမာဏ အနည်းငယ်ကို လိမ်းပေးပါ။
ကလေးငယ်၏ မျက်လုံး၊ ပါးစပ် သို့မဟုတ် ဒဏ်ရာများနှင့် အလွန်နီးကပ်သော နေရာများတွင် လိမ်းခြင်းမှ ရှောင်ကြဉ်ပါ