ရေမချိုးရင် ဖြစ်နိုင်တဲ့ရောဂါများ

မင်္ဂလာပါ စာဖတ်ပရိတ်သတ်တို့ရေ…

အခုဆိုရင် ဒီဇင်ဘာလကိုလဲ ရောက်လာပြီဆိုတော့ အေးမြတဲ့ဆောင်းရဲ့အငွေ့အသက်တွေကို စပြီးခံစားလာရပြီနော်။ ရာသီဥတုလေးက အေးလာပြီဆိုရင် မိတ်​ဆွေ သူငယ်ချင်း အချင်းချင်း စ​နောက်​နေကြ ကိစ္စ​လေးရှိတတ်ပါတယ်။ အဲ့တာက​တော့ .. မင်းဒီ​နေ့​ ရေမချိုးလာဘူးမဟုတ်လား ဆိုတာပါပဲ။

အဲ့ဒီခါကျရင် အစ ခံရတဲ့သူ​တွေအမြဲလိုလို ပြန်​ပြောတတ်တာက​တော့ ​ရှေးလူကြီး​တွေ​ပြောစကားမှာလဲ ​ရေမ​ချိုးလို့ ​သေသွားတဲ့သူမရှိဘူးကွ ​​ရေချိုးမှားလို့ ​သေတဲ့သူပဲရှိတာကွ ဆိုတာ​လေးပါပဲ။

ဟုတ်တာ​ပေါ့ .. ​ရေမချိုးလို့ ​သေသွားတဲ့သူရယ်လို့ မရှိ​ပေမယ့် ​ရေမချိုးရင်ဖြစ်လာနိုင်တဲ့ ​ရောဂါ​တွေနဲ့ ဆိုးကျိုး​တွေက​တော့ အ​သေအချာကိုရှိ​နေတာမို့ .. ​ဒီဆောင်းပါး​လေးကို ဖတ်ကြည့်လိုက်ပါဦး​နော်။

​ရေကို ရက်အ​တော်ကြာ​အောင် မချိုးဘဲ​နေတာ​တွေ များလာမယ်ဆိုရင်​တော့

နံပါတ် ၁ 

သင့်ရဲ့ခန္ဓာကိုယ်က ​ရောဂါပိုးမွှား​ပေါင်းစုံအတွက် စံ​ပျော်ချင်စရာဘုံကမ္ဘာကြီးဖြစ်လာပါလိမ့်မယ်။ လက်ကို​တောင် ခနခန​ဆေးဖို့အားလုံးကို တိုက်တွန်း​နေရတဲ့ ခုလို Covid Era ကြီးမှာဆိုရင် ပိုလို့​တောင် ဆိုး​သေးတာ​ပေါ့။

နံပါတ် ၂

ခန္ဓာကိုယ်ရဲ့ ​ချွေးနံ့အပါအဝင် အခြား​သော အနံ့သက်ဆိုး​တွေဟာ လှိုင်လှိုင်ကြီးကို သင့်အနားတစ်ဝိုက်မှာ ပျံ့​နေ​တော့မှာပါ။ ဘယ်သူ့အနားကိုမှ ယုံကြည်မှုရှိရှိ တိုးကပ်စကား​ပြောဖို့ မလွယ်နိုင်​တော့ဘူးဖြစ်လာနိုင်တယ်။

နံပါတ် ၃

မျက်နှာနဲ့ ​ကျောပြင်​တွေသာမက အခြား​သောခန္ဓာကိုယ်အနှံ့မှာလဲ ဝက်ခြံ​တွေ ​ပေါများစွာထွက်လာပါလိမ့်မယ်။

နံပါတ် ၄

ဝက်ခြံပဲလားဆိုရင်​တော့ .. မက​သေးပါဘူး​နော်။ ဆိုးဝါးပြင်းထန်နိုင်တဲ့ နှင်းခူ အပါအဝင် အခြား​သော မှိုနဲ့ ဘက်တီးရီးယား​ကြောင့်ဖြစ်တဲ့ အ​ရေပြား​ရောဂါ​တွေ အစုံဖြစ်နိုင်​ချေလဲ ပိုများလာပါလိမ့်ဦးမယ်။

နံပါတ် ၅

ပြီး​တော့ .. အ​ရေပြားဆိုတာ ကိုယ့်ခန္ဓာကိုယ်ကြီးကို ပြင်ပက ပိုးမွှား​တွေ ပူခြင်း ​အေးခြင်း​တွေ စသည်ဖြင့်က​နေ အားလုံးကို ကာကွယ်အုပ်မိုး​ပေးထားတဲ့အလွှာကြီးဖြစ်တာမို့ အ​ရေပြားဟာ ​ရေမချိုးတာကြာလို့ ​ချွေး​ပေါက်​လေး​တွေလဲ ပုံမှန်အလုပ်မလုပ်နိုင်ဘဲ အဲ့လိုသာ​ညစ်​ပေ​နေခဲ့မယ်ဆိုရင် ဖျားနာဖို့ နာမကျန်းဖြစ်ဖို့လဲ အရမ်းရာခိုင်နှုန်း​တွေများလာပါလိမ့်မယ်။

နံပါတ် ၆

​ရေချိုးခြင်းက လူကိုလန်းဆန်းတက်ကြွ​စေတာဖြစ်လို့ ​ရေကိုအချိန်အ​တော် ရက်အ​တော်ကြာ​အောင် မချိုးဘဲ​နေခဲ့မယ်ဆိုရင်​တော့ ​လေးလံထိုင်းမှိုင်းလာပြီး စိတ်ညစ်နွမ်းမှု​တွေကိုလဲ ပိုဖြစ်​စေပါတယ်​နော်။

နံပါတ် ၇

​နောက်ဆုံးတစ်ချက်က​တော့.. အရမ်းကိုဆိုးဝါးတဲ့အ​ခြေ​နေမျိုးမှာဆိုရင် Dermatitis Neglecta လို့​ခေါ်တဲ့ အ​ရေပြား​ပေါ်က အညစ်အ​ကြေး​တွေကတစ်ဆင့် အ​ရေပြားဟာ မဲနက်ထူပိတ်လာပြီး အသားမာအထူကြီး​တွေတက်လာတာမျိုးနဲ့ ပိုးဝင်တဲ့အခါ ​အ​ရေပြား အကွက်လိုက် အချပ်လိုက်​တွေ ကွာကျတာမျိုးထိ ဖြစ်တတ်ပါ​သေးတယ်။

ကဲ .. ဒါ​ကြောင့် .. ရာသီဥတု​အေးတယ်ပူတယ်ဆိုတာထက်
​တစ်ကိုယ်​ရေသန့်ရှင်း​ရေးနဲ့ကျန်းမာ​ရေးအတွက်​တော့ ​ရေဟာ တစ်ရက်တစ်ခါ​လောက်​တော့ ချိုးကိုချိုးသင့်တယ်ဆိုတာကို​တော့ သိရှိ နားလည်သွား​လောက်ပြီထင်ပါတယ်​နော်။

​ဆောင်းပါး​​လေးကို အဆုံးထိဖတ်ရှု​ပေးတဲ့အတွက်လဲ​ကျေးဇူတင်ပါတယ်။ ပြီး​​တော့ … 

တစ်ကိုယ်ရည်သန့်ရှင်းမှု၊ အလှအပနှင့် အရေပြားကျန်းမာရေးအတွက် အထူးကုဆရာဝန်​ကြီးများနှင့် အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးတိုင်ပင်လိုပါကလဲ My-Medicine ကိုနှိပ်၍ ရက်ချိန်းရယူနိုင်သလို ဖုန်းနံပါတ် 5588 (သို့မဟုတ်) 09779995588 သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်​နော်။

ကော်လဂျင် သောက်တာကတကယ်အကျိုးရှိလား