ချောင်းဆိုးပျောက်စေတဲ့ ခွေးသေးပန်းပင်

အဆုတ်ယောင်၊အဆုတ်ပွခြင်းမှ အစပြုလို့ ကျွန်မတို့ဟာ ဘက်တီးရီးယားပိုး၊ဗိုင်းရပ်စ်ပိုးဝင်တာပဲဖြစ်ဖြစ်၊ဖုန်နဲ့အမှုန်တွေရှူမိရာကပဲဖြစ်ဖြစ် လေပြွန်ကို ယောင်စေပြီး ဖျားနာရာကနေချောင်းဆိုးခြင်းဖြစ်စဉ် ဖြစ်ကြပါတယ်။တခါတလေ ရောဂါပိုးကိုသာ တိုက်လို့ပြီးသွားပေမယ့် ချောင်းဆိုးကျန်နေတတ်ပါသေးတယ်။

ချောင်းဆိုးခြင်းမှာ ချွဲ၊သလိပ်များထွက်ပြီး ချောင်းဆိုးခြင်းအပြင် တခါတရံ လည်ချောင်းယားပြီးချောင်းဆိုးခြင်းပါရှိတတ်ပါသေးတယ်။ချောင်းဆိုးပျောက်ဆေးတွေကလည်း မြန်မာဆေး၊အင်္ဂလိပ်ဆေးအမျိုးမျိုးရှိရာမှ မသက်သာတဲ့အခါ သဘာဝအလေ့ကျအပင်လေးတွေဖက်ကို ဦးတည်လာရပါပြီ။ချောင်းဆိုးပျောက်စေတဲ့ ဆေးဖက်ဝင်အပင်တွေထဲမှာ နာမည်ကြီးတာကတော့ ကဒူးဖိုပင် ခေါ် ခွေးသေးပန်းပင်ပဲဖြစ်ပါတယ်။

ခွေးသေးပန်းပင်ဆိုတာ ပတ်ဝန်းကျင်မှာ အလေ့ကျပေါက်တဲ့အပင်ပုတမျိုးဖြစ်ပြီး လမ်းဘေးနဲ့ အပင်ချုံနွယ် ထူထပ်စွာ ပေါက်နေတဲ့ နေရာတွေ မြေလွတ်မြေရိုင်းတွေမှာ သူ့အလိုလို ပေါက်ရောက်ကြပါတယ်။အဝါဖျော့၊ခရမ်းဖျော့ရောင်ပန်းပွင့်လေးတွေပွင့်တတ်တဲ့ခွေးသေးပန်းပင်လေးဟာ ရေစင်အောင် သေချာဆေးပါက အစိမ်းအတိုင်းစားလို့ရတဲ့အထိ သူ့ရဲ့အရသာက ပျော့ပါတယ်။ခွေးသေးပန်းပင်မှာ antioxidant ဓာတ်များစွာပါဝင်တဲ့အပြင် ယောင်ယမ်းခြင်းကိုသက်သာစေမယ့် ယူဂျီနောဆိုတဲ့ ဓာတ်တမျိုးလည်းပါဝင်ပြန်ပါတယ်။

ဒီဓာတ်တွေကြောင့် လေပြွန်ယောင်တာကိုသက်သာစေရုံသာမက ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပိုးများကိုပါ အမြစ်ပြတ်အောက်တိုက်ထိုတ်ပေးနိုင်တဲ့အထိ နာမည်ကြီးအစွမ်းထက်လာသော ခွေးသေးပန်းပင် ဖြစ်ပါတယ်။သူ့ရဲ့အသုံးပြုမှုကတော့ အရွက်ကိုဝါးစားခြင်း၊အရည်ညှစ်ပြီး သတ္တုရည်အဖြစ်သောက်ခြင်းနဲ့ ရေနွေးထဲစိမ်ပြီး သောက်ခြင်းတို့ ပြုလုပ်လို့ရပါတယ်။ဒါပေမယ့် ကိုယ်ဝန်ရှိသူ၊နို့တိုက်မိခင်၊ကလေးငယ်များ၊ရောဂါအခံရှိသူတွေကတော့ အရဲစွန့်စားသုံးခြင်း မပြုလုပ်သင့်ပါဘူးနော် စာဖတ်ပရိတ်သတ်တို့ရေ........


ဝိတ်ချချင်သူတွေနဲ့ သစ်ကြားသီး